DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်ကို ချစ်ကြည်ရေးခရီး သွားမည်
DVB
·
April 16, 2018
ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်ကို ချစ်ကြည်ရေးခရီး သွားမည်
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုရဲ  ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံကို မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ သီးသန့်တွေ့ဆုံပွဲ တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ အတိုင်ပင်ခံပုဂိုလ် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ပထမဆုံး တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး စတင်သွားရောက်ခဲ့ပါတယ်။

အဲ့ဒီနောက် ဥရောပနိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ အီတလီ၊ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံ စတဲ့ နိုင်ငံတွေကို ချစ်ကြည်ရေးခရီး သွားဖူးပါတယ်။

ဒါ့အပြင် ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ချက်၊ သြစတြေးလျ၊ အိန္ဒိယ၊ ကနေဒါ၊ ဆွီဒင် နဲ့ အမေရိကန်နိုင်ငံတွေကိုလည်း ချစ်ကြည်ရေးခရီးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013