DVB Logo
Home
မြန်မာသတင်း
ပျော်ဘွယ်မြို့နယ် ဘုန်းတော်ကြီးကျောင်းတွင် သင်္ကြန်တွင်း သီလယူသူများ အစာဆိပ်သင့်
DVB
·
April 15, 2018
ပျော်ဘွယ်မြို့နယ် ဘုန်းတော်ကြီးကျောင်းတွင် သင်္ကြန်တွင်း သီလယူသူများ အစာဆိပ်သင့်
Donate to DVB

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်စာရွာနဲ့ ရှမ်းစုအရှေ့ရွာတို့မှာ သင်္ကြန်တွင်း သီလယူလာသူတွေကို ကျွေးတဲ့ အစားအစာ စားကြပြီးနောက် လူ ၇၀ လောက် အစာဆိပ်သင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဦးတင်စိုးက “ကျောက်စာရွာဦးကျောင်းမှာ ဧပြီလ ၁၄ ရက်နေ့က အစာဆိပ်သင့်တာ ဖြစ်ခဲ့တယ်။ သင်္ကြန်တွင်း သီလလာယူတဲ့သူ ၇၀ လောက်ဖြစ်တယ်။ အော့အန်တယ်။ မူးဝေကြတယ်။ ပျော်ဘွယ်ကျန်းမာရေး ဦးစီးဌာနက ဝန်ထမ်း ၈ ယောက်လောက် ရွာကိုလာကုသပေးတယ်။ ဒီနေ့တော့ သက်သာကုန်ပြီ။ ဆေးရုံတက်ရတဲ့သူတွေကတော့ ရမည်းသင်းဆေးရုံနဲ့နီးတော့ အဲမှာပဲတက်တယ်။ အခုတော့သက်သာကုန်ပြီပေါ့” လို့ ပြောပါတယ်။

ရှမ်းစုအရှေ့ရွာနေသူ ဦးကျော်က “မင်္ဂလာရာမ ရွာဦးကျောင်းမှာ မနေ့က ဖြစ်ခဲ့တာပါ။ သီလလာယူတဲ့သူ ၃၀၀ လောက်ထဲက ၇၀ လောက်ဖြစ်တယ်။ ဒီနေ့မနက် ဆေးရုံက ဆင်းလာကြပြီ။ ကလေး ၆ ယောက်လောက်ပဲ ယင်းတော်တိုက်နယ်ဆေးရုံမှာ ကျန်တော့တယ်။ မုန့်ဟင်းခါးနဲ့ တို့ဖူး ရောစားလိုက်ကြတော့ အော့အန်ကြတယ်” လို့ပြောပါတယ်။

‎ကျောက်စာရွာက ရမည်းသင်းမြို့နယ် အစပ်မှာရှိတာမို့ အစာဆိပ်ဖြစ်သူတွေကို ရမည်းသင်းဆေးရုံကို ပို့ကြပြီး ရှမ်းစုအရှေ့ရွာကတော့ ယင်းတော်ဆေးရုံနဲ့ ပျော်ဘွယ်ဆေးရုံကို ပို့ကြပါတယ်။ ရွာ ၂ ရွာလုံး မုန့်ဟင်းခါးစားမိတာက ဖြစ်တယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013