DVB Logo
Home
မြန်မာသတင်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းသည့် နေအိမ်များတွင် မြိုတိုင်းရင်းသားများ စတင်နေထိုင်
DVB
·
April 15, 2018
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းသည့် နေအိမ်များတွင် မြိုတိုင်းရင်းသားများ စတင်နေထိုင်
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ ခုံတိုင်ကျေးရွာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းထားတဲ့ နေအိမ်တွေပြီးစီးလို့ မြိုတိုင်းရင်းသားအိမ်ထောင်စု  ၃၀ ဟာ ဧပြီ ၁၃ ရက်ကစလို့ နေထိုင်နေကြပြီဖြစ်ပါတယ်။

မြိုမိသားစု ၃၀၊ လူဦးရေ ၂၂၀ ကျော်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလည်း ဆိုလာပြား တစုံစီနဲ့ အိမ်ထောင်သုံး ပစ္စည်းတွေ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။

နေအိမ်သစ်ရရှိသူ မြိုတိုင်းရင်းသူ မနန့်ရွေးက ''ခုလို အိမ်သစ်လေးရတာ ကျေးဇူးတင်ပါတယ်၊ ဝမ်းလည်းသာပါတယ်။ သမီးအသက် ၂၅ နှစ် ရှိပါပြီ၊ ဘဝမှာ ခုလိုမကြုံဖူး၊ မတွေ့ဖူး၊ မနေနိုင်ခဲ့ဖူးပါဘူး၊ ခုလို အိမ်သစ်လေးနဲ့ နေရလိမ့်မယ်လို့ မထင်ထားဘူး၊ ဒီလိုမျိုးစီစဉ်ပေးတာ ကျေးဇူးတင်လှပါတယ်'' လို့ ပြောပါတယ်။

မိသားစုဝင်တွေနဲ့အတူ အိမ်သစ်တက်ရတဲ့ မြိုတိုင်းရင်းသား ဦအောင်ဖော်ကလည်း ''အရင်လို တောင်ပေါ်မှာနေရတာမကြိုက်တော့ဘူး။ ငြီးငွေ့လာပြီ၊ ခုလိုမြေပြန့်မှာ အိမ်လေးနဲ့နေရတာ ကောင်းပါတယ်။ တောင်ယာတော့ မလုပ်နိုင်သေးဘူး၊ လောလောဆယ်တော့ နေစရာရလို့ ဝမ်းသာပါတယ်။ ခုလို အိမ်သစ်လေးတွေဆောက်ပေးတဲ့ နိုင်ငံတော်နဲ့ အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ် လှူဒါန်းတဲ့ နေအိမ်သစ်တွေကို ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ မောင်တော၊ မြို ခုံတိုင်ကျေးရွာက မြိုတိုင်းရင်းသား မိသားစုတွေကို နေရာချပေးထားတာပါ။

နေအိမ်သစ်တွေဆောက်လုပ်ရေးအတွက် Taipei Economic and cultural Office in Myanmar က အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ကူညီလှူဒါန်းခဲ့တယ်လို့ ဖောင်ဒေးရှင်းသတင်းမှာ ဖော်ပြထားပါတယ်။

မြိုမိသားစုတွေ ရေရှည်လုပ်ကိုင် စားသောက်ဖို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ တည်ထောင်ပေးဖို့နဲ့  အသေးစားဆန်ကြိတ်စက်တွေ ပံ့ပိုးပေးဖို့ ဖောင်ဒေးရှင်းက ဆက်လက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013