DVB Logo
Home
မြန်မာသတင်း
စားသုံးဆီ တရားမ၀င် ၀င်ရောက်မှု တားဆီးရန် ဆီကုန်သည်အသင်း တောင်းဆို
DVB
·
June 7, 2012
Donate to DVB

တရုတ်နိုင်ငံက တရားမ၀င် ၀င်ရောက်နေတဲ့ စားအုန်းဆီတွေဟာ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်ပြီး စားသုံးဖို့ မသင့်တော်တဲ့အတွက် ပြည်ထောင်စုအစိုးရအနေနဲ့ တားဆီးပေးဖို့ မန္တလေး ဆီကုန်သည်အသင်းက ဇွန် ၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

တရုတ်က မှောင်ခိုဝင်နေတဲ့ စားသုံးဆီတွေ တားဆီးပေးဖို့ ဒုတိယအကြိမ် တောင်းဆိုတာလို့ မန္တလေးမြို့ ဆီကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးကိုကြီးက ပြောပါတယ်။

“တရုတ်ဆီကိစ္စကို လွန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းက သတိထားမိတော့ ကျနော်တို့က ပြည်ထောင်စု အစိုးရကို ကုန်ဈေးနှုန်းအစည်းအဝေးမှာ ဒါတွေကို စစ်ပေးပါဆိုပြီးတော့ ပို့လိုက်တော့ နှစ်မျိုးလောက် ထွက်တယ်။ တမျိုးက စားသုံးရန် သင့်တဲ့ဆီလည်း တွေ့တယ်၊ စားသုံးရန် မသင့်ဘူး ဆိုတာလည်း တွေ့တယ်။ ဆီတွေက မန္တလေးကို ပထမဆုံး ဝင်ပြီးတော့ တပြည်လုံးကို ဖြန့်တာ။ လူထုရဲ့ ကျန်းမာရေး အတွက် စိုးရိမ်ရလို့ ကျနော်တို့က လုပ်ပေးပါဆိုပြီးတော့ အကြံပြုတောင်းဆိုနေတာ ပဲ။ သူတို့က လုပ်တော့ လုပ်တယ် လိုနေသေးတယ်။ မြန်မာနိုင်ငံ အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) က စစ်တယ် ဆိုတာလည်း တရားဝင်လမ်းကြောင်းက ဝင်တာတွေကို သူတို့ စစ်ပေးတယ်။ ဒီ မှောင်ခိုဘက်က ဝင်လာတာကို ခုထိ မစစ်နိုင်သေးဘူး။ မှောင်ခိုက ဝင်တဲ့ ပမာဏကိုလည်း အထင်မသေးပါနဲ့လို့။ စီးပွားရေးပညာရှင်တွေ သုံးသပ်ချက်အရ တရားဝင် ဝင်တာထက်တောင် နှစ်ဆလောက် ရှိတတ်တယ်။ ဒါကြောင့်မို့လို့ အလေးထားပြီး ဆောင်ရွက်သင့်တယ် ဆိုတာကို ကျနော်တို့က အစိုးရကို အကြံပြုတင်ပြပေးခြင်း ဖြစ်ပါတယ်။”

ပြည်တွင်းစားသုံးဆီဈေးကွက်မှာ ပြည်ပကတင်သွင်းတဲ့ စားအုန်းဆီဟာ ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကို ယူထားပြီး ပြည်တွင်းထုတ် နှမ်းဆီ၊ ပဲဆီဟာ ဈေးကွက်ရဲ့ ၂၀ ရာခိုင်နှုန်းပဲ ရယူထားနိုင်တယ် လို့ ပြောပါတယ်။

ပြည်သူအများစားသုံးနေကြတဲ့ စားအုန်းဆီတွေဟာ ကျန်းမာရေးကို နည်းနည်းထိခိုက်စေတာနဲ့ အကြီးအကျယ် ထိခိုက်စေတာပဲ ကွာတယ်လို့လည်း ဆိုပါတယ်။

ဈေးကွက်ထဲမှာ စားအုန်းဆီ ၁ ပိဿာ ၁၉၀၀ ကျပ် လောက်ရှိပြီး ပဲဆီက ၁ ပိဿာ ကျပ် ၄၀၀၀ လောက် ရှိပါတယ်။ မန္တလေးဈေးကွက်ထဲမှာ စားသုံးဆီအတုတွေ ရောင်းချနေတဲ့အကြောင်း ပြီးခဲ့တဲ့ မေ ၃၀ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

နယ်စပ်မြို့ မူဆယ်လမ်းကြောင်းက တဆင့်ဝင်လာတဲ့ တာတုံးယုံ၊ ရှောက်မိုင်းယန့်၊ ဂျင်းလီ စတဲ့ အမှတ်တံဆိပ်ပါ စားအုန်းဆီတွေဟာ တရုတ်နိုင်ငံမှာရှိတဲ့ ဆီစက်တွေက ဘေးထွက်ပစ္စည်းတွေကို ဓာတုဗေဒနည်းနဲ့ အရောင်ချွတ်ထားပြီး ပဲဆီအနံ့သွင်းထားတဲ့ ဆီအတုတွေလို့ မေ ၃၀ ရက်နေ့ ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013