DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားစိစစ်ရေးသက်တမ်း ၆ လ ထပ်တိုးပေးရန် အတည်ပြု
DVB
·
June 7, 2012
Donate to DVB

ဇွန် ၁၄ ရက်မှာ အလုပ်သမားမှတ်ပုံတင် သက်တမ်းကုန်မယ့်  မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နိုင်ငံသားစိစစ်ရေး သက်တမ်းကာလကို ၂၀၁၂ ခု ဒီဇင်ဘာ ၁၄ ရက်အထိ နောက်ထပ် ၆ လ သက်တမ်းတိုးပေးဖို့ ထိုင်းရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲရေးကော်မတီအဖွဲ့က အတည်ပြုလိုက်တယ်လို့ ထိုင်းသတင်းဌာနက ဖော်ပြသွားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အလုပ်သမားဦးစီးဌာန ရုံးချုပ်မှာ မေ ၃၁ ရက်နေ့က ကျင်းပပြုလုပ်သွားတဲ့ နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲရေး အစည်းအဝေးမှာ ခုလို အတည်ပြုခဲ့တာ ဖြစ်တယ်။

အဲဒီအစည်းအဝေးကို ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး နီုင်းဖေတိမ်ချိုင်း ဆဆုမ်ဆပ် ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါတယ်။

ဒီအတည်ပြုချက်ထဲမှာ အကျုံးဝင်တဲ့  နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၈၈၆၅၀၇ ဦးရှိပြီး မြန်မာနိုင်ငံသား ၅၆၅၀၅၈ ဦး၊ လာအိုနိုင်ငံသား ၉၉၀၁၅ ဦး နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၂၂၂၄၃၀ ဦးတို့ ပါဝင်တယ်။

ထိုင်းနိုင်ငံက  မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့နေရာတွေကတော့ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ တဘက်ကမ်း တာချီလိတ်မြို့၊ ရနောင်းခရိုင် ရနောင်းမြို့ တဘက်ကမ်း ကော့သောင်းမြို့၊ တာ့ခရိုင် မဲဆောက်မြို့ တဘက်ကမ်း မြ၀တီမြို့တို့ဖြစ်ပြီး မေလဆန်းကစပြီးတော့ နောက်ထပ် ဘန်ကောက်၊ ဆမွတ်ပရကန်၊ စမွတ်စခွန်၊ ဆူရတ်ဌာနီနဲ့ ချင်းမိုင် စတဲ့ ခရိုင် ၅ ခု ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးထားပါတယ်။

လောလောဆယ်  နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူး လက်မှတ်လုပ်ဆောင်သူ နိုင်ငံ ၃ ခုက အလုပ်သမားပေါင်း တနေ့ကို ပျမ်းမျှအနည်းဆုံး ၁ သိန်းရှိကြောင်း၊ ဒီဝန်ဆောင်မှုမှာ သက်ဆိုင်ရာ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတွေရဲ့ စစ်ဆေးမှုကို အဆင့်ဆင့် တင်ပြရတဲ့အတွက် သတ်မှတ်ထားတဲ့ အချိန်ထက် ၂ လကျော်ကြာမှ   ပြီးမြောက်တာ တွေ့ရကြောင်း၊ ဒါကြောင့် အလုပ်သမားတွေ ထိုင်းနိုင်ငံထဲမှာ ဆက်လက် နေထိုင်ခွင့်ရပြီး နိုင်ငံသားစိစစ်ရေး လုပ်ဖို့အတွက် သက်တမ်းတိုးပေးဖို့ စီစဉ်ရတာဖြစ်ကြောင်း၊ ဒါကြောင့် အလုပ်သမားတွေ နေထိုင်ခွင့်သက်တမ်းကုန်ဖို့ ၂ ပတ်အလိုမှာ အစိုးရ ၀န်ကြီးများအဖွဲ့ကို အချိန်မီတင်ပြနိုင်ဖို့ အခုလို အရေးပေါ်အစည်းအဝေး လုပ်ရတာ ဖြစ်ကြောင်း စီစဉ်သူတွေက ထိုင်းသတင်းဌာနကို ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013