DVB Logo
Home
မြန်မာသတင်း
ARSA အကြမ်းဖက်အဖွဲ့လှုပ်ရှားမှုနှင့်ပတ်သက်၍ မြန်မာ- ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
DVB
·
April 14, 2018
ARSA အကြမ်းဖက်အဖွဲ့လှုပ်ရှားမှုနှင့်ပတ်သက်၍ မြန်မာ- ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
Donate to DVB

ARSA အကြမ်းဖက်အဖွဲ့လှုပ်ရှားမှု၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်လို့ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၁၃ ရက် မနက် ၁၁ နာရီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်မြို့Teknaf Land Port House စခန်းမှာ ကျင်းပခဲ့တယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံ နယ်စပ် တရားမဝင် ဝင်ရောက်မှု ကိစ္စ၊ အောက်ခြေအဆင့် သတင်းဖလှယ်ရေး အတွက် တာဝန်ရှိသူတွေရဲ့ ဖုန်းနံပါတ်တွေ အပြန်အလှန် ပေးပို့ထားရေး၊ နှစ်နိုင်ငံ မူးယစ်ဆေးဝါးအန္တရာယ် ပူးပေါင်းတားဆီးဆောင်ရွက်ရေး စတဲ့ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင့် မောင်တောမြို့နယ် ကျောက် ပန္တုရဲကင်း စခန်းရဲ့ အနောက်ဘက် ၂ မိုင်လောက်အကွာ ပင်လယ်ကမ်းခြေမှာ စက်လှေမျောပါလို့ ကယ်ဆယ်ထိန်းသိမ်းထားတဲ့ ငါးဖမ်းစက်လှေမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦး ပြန်လည်လွှဲပြောင်းရေး၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး နေရပ် စွန့်ခွာသူတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ တရားမဝင်မှောင်ခိုစက်လှေတွေ ပူးပေါင်းဖမ်းဆီးနိုင်ရေးနဲ့ ARSA အကြမ်းဖက်အဖွဲ့လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၁၁ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၁ဝ ဦးတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013