DVB Logo
Home
မြန်မာသတင်း
မိုးသက်လေပြင်းကြောင့် ချင်းတွင်းသင်္ကြန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့
DVB
·
April 14, 2018
မိုးသက်လေပြင်းကြောင့် ချင်းတွင်းသင်္ကြန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့
1 / 15
Donate to DVB

ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန်က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် စစ်ကိုင်းတိုင်းအစိုးရ ကြီးမှူးကျင်းပနေတဲ့ ချင်းတွင်းသင်္ကြန်မှာ အပျက်အစီးတချို့ဖြစ်ခဲ့ပြီး ဖျော်ဖြေရေးပွဲကိုပါ ရပ်နားခဲ့ရပါတယ်။

လေတိုက်ခတ်ချိန် နာရီဝက်နီးပါး ကြာမြင့်ခဲ့တဲ့ပြီး ဗဟိုမဏ္ဍပ်၊ မုခ်ဦး၊ နားနေတဲတွေအပါအဝင် အဆောက်အဦတော်တော်များများ ပျက်စီးခဲ့သလို သဲပန်းပုတွေလည်း ပျက်စီးခဲ့ပါတယ်။

ပြီးတော့ လမ်းတွေလည်း ဗွက်ထပြီး သွားလာရေးလည်း ခက်ခဲသွားတာပါ။

ဒီနေ့မနက်မှာတော့ ပုံမှန်အတိုင်းကျင်းပနိုင်ရေးအတွက် ပြင်ဆင်တာတွေ ပြုလုပ်နေပါတယ်။

ချင်းတွင်းသင်္ကြန်မှာ လုံခြုံရေးတာဝန်ယူနေသူ တယောက်က "ဖျော်ဖြေရေးစင်မြင့်ကလည်း အခုထိပြင်ဆင်နေဆဲ၊ ရဲလုံခြုံရေးတဲတွေလည်း လေနဲ့လွင့်ပျက်စီး၊ အမိုးလန်လို့ လုပ်နေရဆဲ၊ နောက်ပြီး လမ်းတွေကိုလည်း လောလောဆယ် အဆင်ပြေအောင် ဘက်ဟိုး ၄၊ ၅ စီးနဲ့ သဲတွေဖို့နေတယ်။ စတုဒီသာ မဏ္ဍပ်တွေလည်း ပျက်စီးလို့ပြန်လုပ်နေတယ်။ နားနေတဲတွေကလည်း အလုံးလိုက်လွင့်ထွက်တာတွေရှိတယ်။ ပြန်တော့လုပ်နေတုန်းပါပဲ။ သဲပန်းပုတွေတော့ ပြန်ပြင်တာမတွေ့ရဘူး"လို့ ပြောပါတယ်။

လက်ရှိအချိန်ထိတော့ လာရောက်လည်ပတ်သူတွေက ထောင်ဂဏန်းဝန်းကျင်ရှိနေပြီး ဖျော်ဖြေရေးတွေကတော့ ပြန်လည်မစတင်နိုင်သေးပါဘူး။

သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013