DVB Logo
Home
မြန်မာသတင်း
ဇေကမ္ဘာဂုဏ်သိက္ခာ ကျဆင်းရန် လုပ်ဆောင်ချက်များကို အရေးယူမည်
DVB
·
June 7, 2012
ဇေကမ္ဘာဂုဏ်သိက္ခာ ကျဆင်းရန် လုပ်ဆောင်ချက်များကို အရေးယူမည်
Donate to DVB

ဇေကမ္ဘာကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေရန် လုပ်ဆောင်ချက်တွေကို တည်ဆဲဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ ဇေကမ္ဘာ ကုမ္ပဏီက သတိပေးကြေညာ ချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်းထုတ် အင်ဗွိုင်း သတင်းဂျာနယ် အပါအ၀င် ဂျာနယ်တချို့မှာ သတိပေးကြေညာချက် ဖော်ပြ ထားတာ ဖြစ်ပါတယ်။

[caption id="attachment_26427" align="alignleft" width="234" caption="ဇေကမ္ဘာ ဦးခင်ရွှေ"][/caption]

ကုမ္ပဏီရဲ့သတိပေးစာမှာ ဇေကမ္ဘာ ကုမ္ပဏီက မင်္ဂလာဒုံဥယျာဉ်မြို့တော် စီမံကိန်းကို ၁၉၉၇ ခုနှစ်မှာ လုပ်ပြီး ရန်ကုန်စက်မှုဇုန် စီမံကိန်းအပိုင်း ၁၊၂၊ ၃ နဲ့ ၄ ကို ၂၀၀၀ ခုနှစ်မှာ ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာနနဲ့ သဘောတူစာချုပ်ချုပ်ဆို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပုံ၊ အပိုင်း ၃ ပိုင်းပြီးလို့ ကျန်အပိုင်း ၄ ဆက်လုပ်ဖို့ ကိစ္စကို နအဖစစ်ကောင်စီ၊ ရန်ကုန်တိုင်း ကောင်စီတွေက လည်း သဘောတူခွင့်ပြုခဲ့တယ်လို့ ရှင်းပြထား ပါတယ်။

အဲဒီစီမံကိန်းဆောက်မယ့်မြေနေရာကို သက်ဆိုင်ရာလယ်သမားတွေရဲ့ တောင်းဆိုချက်အရ အဲဒီအချိန်က လယ်သမားတွေ တောင်းတဲ့ဈေးအရ လယ်မြေအစားထိုး ၀ယ်နိုင်အောင် ငွေထုတ်ပေးခဲ့ပြီးဖြစ်သလို သီးစားစွန့်လွှတ်ကြောင်းကိုလည်း မိမိသဘောဆန္ဒ အလျောက် ခြိမ်းခြောက်ခြင်း တစုံတရာမရှိဘဲ တာဝန်ရှိသက်သေတွေရှေ့ သဘောတူ လက်မှတ်ထိုးခဲ့ကြ တယ်လို့ ပါရှိပါတယ်။

ကုမ္ပဏီထုတ်ပြန်ချက်မှာပါရှိတဲ့ စက်မှုဇုန်အပိုင်း ၄ နေရာဟာ လွန်ခဲ့တဲ့ လပိုင်းတွေအတွင်းက လယ်သမားတွေနဲ့ ကုမ္ပဏီအကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားခဲ့တဲ့ လယ်မြေဧက ၈၀၀ ကျော်ဖြစ်ပြီး အချင်းများမှုကို လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မကြာသေးခင်ကမှ ဒီနေရာမှာ စက်မှုဇုန် မတည်ရ၊ တည်ရင် လယ်ယာမြေဖျက်ဆီးမှုနဲ့ အရေးယူမယ်လို့ ကုမ္ပဏီကို တားမြစ်ထားခဲ့တဲ့ လယ်မြေဖြစ်ပါတယ်။

ဒီနောက်မှာ စက်မှုဇုန်မတည်ရရင် လယ်စိုက်မယ်ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက သီးစားချထားပေးဖို့ လယ်သမားတွေနဲ့အပြိုင် လျှောက်တာကို ဇေကမ္ဘာကုမ္ပဏီကို သီးစားချပေးခဲ့ပါတယ်။ ဒါကိုမကျေနပ်တဲ့ လယ်သမားတွေကလည်း မြေယာကော်မတီမှာ မြေယာမှုခင်းဖွင့်ပြီး ဒီလ ၅ ရက်နေ့ကစလို့ လယ်သမား  ၈၀ နီးပါးကို အသုတ်ခွဲပြီး စစ်ဆေးနေပါတယ်။

ထုတ်ပြန်ချက်မှာ ဇေကမ္ဘာကုမ္ပဏီ သိက္ခာကျဆင်းစေအောင် နိုင်ငံရေးပါတီတခုက လုပ်တယ်လို့ အမည်တပ်ထားပြီး သတိပေးထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ရွှေနံ့သာလယ်သမားကိစ္စကို တောက်လျှောက် ရှေ့တန်းက လိုက်ကူညီနေသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေကို မေးကြည့်ရာမှာ သူ့ကို ရည်ညွှန်းတာလို့ ဆိုပါတယ်။

[caption id="attachment_13350" align="alignright" width="315" caption="ဦးနေမျိုးဝေ (ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]

သတိပေးစာထုတ်ခြင်းထက် တရားစွဲဆိုမယ်ဆိုရင်လည်း ရင်ဆိုင်သွားမယ်လို့ ဦးနေမျိုးဝေ က ပြောပါတယ်။

“အဲဒီမှာ ပါတီဆိုလို့ ဘယ်ပါတီမှ လက်မဝင်ပါဘူး။ နိုင်ငံရေးပါတီတခု ဆိုတာ မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေး ပါတီ ဖြစ်ပါလိမ့်မယ်။ လူပုဂ္ဂိုလ် အချို့ဆိုရင်တော့ ကျနော့် ၈၈ က ကျနော့်အစ်ကိုတွေ က မီဒီယာမှာ နည်းနည်းပါးပါး ပြောဆိုလိုက်တာ ရှိပါလိမ့်မယ်။ အဲဒီတော့ မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌက ပါတီတခုလုံး ကိုယ်စားပြုပြီး ပြောပါ တယ်။ အခု ကိစ္စကိုလည်း ကျနော် နေမျိုးဝေ ပြောကြောင်း တာဝန်ခံပါတယ်။ တရားစွဲမယ်ဆိုလည်း စွဲပါ။ ကြိုက်တဲ့ ဥပဒေနဲ့ လုပ်ပါ။ ဥပဒေမဲ့ မလုပ်ဘူးဆိုရင် ကိုနေမျိုးဝေ နိုင်ငံရေးသမား ဖြစ်တဲ့အတွက် လိုက်ပါတယ်ခင်ဗျ။ ဥပဒေ ဆိုရင်တော့ လိုက်ပါတယ်။ ကြိုက်တဲ့ခေါ်ဖဲတွေ ပစ်ပါ၊ ကျနော် လိုက်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013