DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီအရေး အိန္ဒိယကူညီပေးနေမှု  ဗိုလ်ချုပ်မှူးကြီးနှင့် အိန္ဒိယသံ ဆွေးနွေး
DVB
·
April 14, 2018
ဘင်္ဂါလီအရေး အိန္ဒိယကူညီပေးနေမှု  ဗိုလ်ချုပ်မှူးကြီးနှင့် အိန္ဒိယသံ ဆွေးနွေး
Donate to DVB

 

ဘင်္ဂါလီများ ပြန်လည်နေရာချထားရေး ကိစ္စရပ်တွေမှာ အိန္ဒိယနိုင်ငံက ကူညီပေးနေမှု အခြေအနေတွေကို  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံသံ အမတ်ကြီး မစ္စတာ ဗီဂရမ် မစ်ဆရီ တို့ ဆွေးနွေးခဲ့ကြပါတယ်။

ဧပြီ  ၁၂ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံတုန်း ဆွေးနွေးခဲ့ကြတာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံရာမှာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက် ကောင်းမွန်မှုအခြေအနေတွေ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များမှာ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်။

ဒါ့အပြင်၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနဲ့ နယ်စပ်ဖြတ်ကျော်မှုတွေမှာ နှစ်ဘက်တပ်တွေ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတွေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ နဲ့ ကုလား တန်မြစ်ကြောင်းတလျှောက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေတွေ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက်ကနေ ရပ်တည်ဆောင်ရွက်ပေးနေမှုအခြေအနေတွေနဲ့ ဖြစ်စဉ်မှန်ကို နိုင်ငံတကာက သိရှိရန်လိုအပ်မှုအခြေအနေတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားတဲ့ ဘင်္ဂါလီတွေ ပြန်လည် နေရာချထားရေးကိစ္စရပ်များမှာ အိန္ဒိယနိုင်ငံက ပါဝင်ကူညီဆောင်ရွက် ပေးနေမှုအခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013