DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြဿနာ ဖော်ထုတ်အရေးယူမည်ဟု အစိုးရ ကြေညာ
DVB
·
June 7, 2012
Donate to DVB

ပြည်ထောင်စုအစိုးရက ရခိုင်ပြည်မှာ မကြားသေးခင်က ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ် အရေးယူမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဥပဒေမဲ့ ပြုမူဆောင်ရွက်ချက်တွေနဲ့ လူအုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေကို ဖော်ထုတ်အရေးယူဖို့  ပြည်ထောင်စုအစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းတာဝန်ပေးပါတယ်။

သတင်းစာပါ ဇွန် ၆ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်ကြေငြာစာမှာ ဥက္ကဋ္ဌ အဖြစ် ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒုရဲချုပ် ရဲမှူးချုပ်ဇော်ဝင် အပါအ၀င် ၁၆ ဦးပါ အဲဒီအဖွဲ့ဟာ အဖြစ်မှန်ဖော်ထုတ်စစ်ဆေးပြီး ဒီလ ၃၀ ရက်နေ့ နောက်ဆုံး သမ္မတထံကို အစီရင်ခံရမှာဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ၂၅ ရက်အတွင်းမှာ မှုခင်းဖြစ်ရတဲ့အကြောင်းရင်း၊ အုပ်စုဖွဲ့ကျူးလွန်ရန် စည်းရုံးလှုံ့ဆော်သူ ဦးဆောင်သူတွေ၊ ပြစ်မှုကျူးလွန်သူတွေ၊ အခင်းမဖြစ်မီနဲ့ ဖြစ်ပြီးကာလ ဥပဒေနဲ့ အညီဆောင်ရွက်မှု၊ ဆောင်ရွက်နိုင်တဲ့ အခြေအနေ၊ အဖွဲ့ရဲ့ ထင်မြင်ချက်၊ သုံးသပ်ချက်နဲ့ အကြံပြုချက်တွေကို ဆောင်ရွက် အစီရင်ခံတင်ပြကြရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မေလကုန်ပိုင်းက ရမ်းဗြဲမြို့မှာ အမျိုးသမီးငယ်တဦး အသတ်ခံရပြီး လူသတ်သူလို့ သံသယရှိသူ လူငယ် ၃ ဦးကို ဖမ်းဆီးထားပါတယ်။

ဒီဖြစ်ရပ်အပေါ် မကျေနပ်မှုတွေ ကြီးထွားခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲအဖြစ် တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ခရီးသွား ၁၀ ဦးကို ရိုက်နှက်သတ်ဖြတ်မှု ဖြစ်ခဲ့ပါတယ်။ ခုထက်ထိတော့ ဖမ်းဆီးမှုတစုံတရာ မကြားသိရသေးပါဘူး။

စစ်တွေမြို့မှာတော့ လူတယောက်ပျောက်ဆုံးမှုကို အစပြုပြီး ရဲစခန်းကို လူအုပ်က ၀ိုင်းခဲ့ကြရာက အစပြုလို့ ရဲက ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။

စစ်တွေမြို့ ရဲစခန်းဝိုင်းခံရတဲ့ကိစ္စကို ဒီနေ့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ရဲအရာရှိတွေက စတင်မေးမြန်းပါတယ်။

ခေါ်ယူမေးမြန်းခံရတဲ့ ဦးစိန်ကျော်လှက “ကျနော့်ကို မေးတာကတော့ အခုကိစ္စ ဘယ်လိုဖြစ်လဲ။ အဲ့အချိန်မှာ ဘယ်လိုဖြစ်လဲ။ လူထုက ဘာတွေတောင်းဆိုလဲ။ လူထုရဲ့ အခြေအနေက ဘယ်လိုလဲ။ အဲ့အချိန်မှာ သောက်စားမူးယစ်ပြီး ဒီလိုဖြစ်တာလား။ တခုခုက ကြိုးကိုင်ပြီး သူတို့ ဒီလိုဖြစ်တာလား။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ကြလဲ။ အဲ့မှာဖြစ်တာက အစ္စလာမ်ဘာသာနဲ့ ဘာမှမဆိုင်ဘူးလို့။ အဓိက ဖြစ်တာက စည်ပင်သာယာလုပ်တာကို မကျေနပ်လို့ ဖြစ်ကြတာလို့ ကျနော် ဒီလိုပဲ ပြောတယ်။”

ကိုအောင်သန်းဝေနဲ့ ဇနီးသည်အပြင် တခြားလူတွေကိုလည်း ခေါ်ယူမေးမြန်းတယ်လို့ ဆိုပါတယ်။ အဲဒီညက ရုန်းရင်းဆန်ခတ်ဖြစ်အပြီး ရဲက လူ ၉ ဦးကို ဖမ်းထားပါတယ်။ မနေ့ကတော့ ဒဏ်ရာရသူ ၄ ဦးကို ရန်ကုန်မှာ ဆေးကုဖို့လေယာဉ်နဲ့ပို့ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013