DVB Logo
Home
မြန်မာသတင်း
မော်ဒယ်တဦးအား သားမယားပြုကျင့်မှုဖြင့် အဆိုတော် အစ္စဏီကို အမှုဖွင့်စစ်ဆေး
DVB
·
April 13, 2018
မော်ဒယ်တဦးအား သားမယားပြုကျင့်မှုဖြင့် အဆိုတော် အစ္စဏီကို အမှုဖွင့်စစ်ဆေး
Donate to DVB

အဆိုတော် အစ္စဏီ(ခ) ဟန်ထွန်းဇော်ကို မုဒိန်းမှု၊ နာကျင်စေမှုတို့နဲ့ တာမွေရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်မှာ  မော်ဒယ် မ-----(ခ)-------(၂၇) နှစ်ဟာ သူငယ်ချင်းတွေနဲ့ အတူ ဆယ်လီအရက်ဘားကို့ ရောက်ရှိနေတုန်း ဧပြီလ ၁၂ ရက်နေ့ ၀၂း၄၅ အချိန်မှာ ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ) အစ္စဏီ ရောက်လာပြီး ဘားအတွင်းဝင်ရောက် ပြဿနာရှာခဲ့တယ်။

မော်ဒယ် မ-----(ခ)-------က သူ ငှားရမ်းနေထိုင်တဲ့ တိုက်ခန်းကို  ကားငှားပြီး ပြန်လာခဲ့ရာ ဟန်ထွန်းဇော်(ခ)အစ္စဏီကလည်း အဲ့ဒီယာဉ်နဲ့အတူ လိုက်ပါလာခဲ့တယ်။

နေအိမ်အရောက်မှာ  ဟန်ထွန်းဇော်(ခ) အစ္စဏီ က မော်ဒယ် မ-----(ခ)------ရဲ့  အင်္ကျီကို အတင်းဆွဲချွတ်လို့ ရုန်းကန်စဉ် ဦးခေါင်းနဲ့ မှန်ဗီဒိုကို တိုက်မိခဲ့ပြီး ဦးခေါင်း နာကျင်ခဲ့တယ်။

ဟန်ထွန်းဇော်(ခ)အစ္စဏီ က တကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်တို့နဲ့ လက်သည်းခွံများကို လှန်ချိုးလို့  နာကျင်ပြီး သတိမေ့နေတုန်း သားမယား ၂ ကြိမ်ပြုကျင့်ခဲ့တယ်။

သတိပြန်ရလာတော့ ပတ်ဝန်းကျင်ကို အကူအညီတောင်းခံဖို့  ကြိုးစားခဲ့ရာမှာ ဟန်ထွန်းဇော် (ခ) အစ္စဏီက မော်ဒယ်ရဲ့ ယာခြေထောက်ကို ဗီဒိုမှန်ကွဲစနဲ့  ခြစ်ခဲ့လို့ ပြတ်ရှဒဏ်ရာ ရရှိခဲ့တယ်။

အဲ့ဒီ့နောက် မော်ဒယ် မ-----(ခ)------က အိမ်သာအသုံးပြုမယ်လို့ အကြောင်းပြကာ အိမ်သာ တံခါးကို လော့ချပြီး သူငယ်ချင်းဖြစ်သူ မ--------ထံ ဖုန်းဆက် အကူအညီတောင်းခံခဲ့ရာ မ-------နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ရောက်ရှိလာပြီး မော်ဒယ်ကို ကယ်တင်နိုင် ခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဧပြီလ ၁၂ ရက်မှာ  မော်ဒယ် မ-----(ခ)------က တိုင်တန်းလို့ ဟန်ထွန်းဇော် (ခ) အစ္စဏီ(ဖမ်းမိ)ကို တာမွေမြို့မရဲစခန်းမှာ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄(မုဒိမ်းမှု/တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု) တို့နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013