DVB Logo
Home
မြန်မာသတင်း
ကျိုးကျသွားသည့် မြောင်းမြကြိုးတံတားကို ယခုလကုန် အပြီးဖယ်ရှားမည်
DVB
·
April 13, 2018
ကျိုးကျသွားသည့် မြောင်းမြကြိုးတံတားကို ယခုလကုန် အပြီးဖယ်ရှားမည်
Donate to DVB

ကျိုးကျသွားတဲ့ မြောင်းမြကြိုးတံတားကို အခုလကုန် အပြီးသတ်ဖယ်ရှားသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက ပြောပါတယ်။

“ရေအောက်မှာ မြုပ်နေတဲ့ တံတားအပျက်ကို ဧပြီကုန်အတွင်း အပြီးသတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ အခုလည်း ရေငုပ်အဖွဲ့တွေ လုပ်ငန်းဆောင်ရွက်နေပါပြီ။ အခုဆိုရင် တံတားဆယ်ယူ ရေး ကျွမ်းကျင်အဖွဲ့တွေလည်း ရောက်ရှိနေပါပြီ။ သူတို့နဲ့ ဆယ်ယူသွားမှာဖြစ်ပါတယ်။ ကုန်းပေါ်မှာရှိနေတဲ့ တံတားတိုင်တွေလည်း ယိုင်သွားတာ တွေ့ကြမှာပါ။ အဲဒါတွေကိုလည်း မြစ်အတွင်းကို လဲကျမသွားအောင် လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ဒီတိုင်တွေကို မတ်တိုင်တွေအဖြစ် ကွန်ကရစ်နဲ့ အောက်ခြေကနေပြီး အသေငုံပြီးလောင်းထားပါတယ်။ ယိုင်သွားလို့မရဘဲ ထပ်မံစိတ်ချရအောင် ကုန်းပိုင်းကနေ စတီးကြိုးတွေနဲ့ ဆိုင်းထားပါတယ်။ ဒါတွေ အားလုံး လက်ရှိမှာ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ကုန်းပေါ်မှာဆိုရင်လည်း PC ရက်မတိုင်ကြီးတွေ ရှိပါတယ်။ အဲဒါတွေကိုလည်း ဖျက်သိမ်းသွားဖို့ အတွက် ဆောင်ရွက်နေပါတယ်။”

နိုင်ငံပိုင်သတင်းဌာနကို ပြောခဲ့တာဖြစ်ပြီး ၂၇၂၃ ပေ အရှည်ရှိတဲ့ မြောင်းမြတံတားအသစ်ကို သံမဏိသံပေါင်တံတားအဖြစ် အမျိုးအစားပြောင်းလဲ တည်ဆောက်နေပြီး အခုအခါ တည်ဆောက်မှု ၁၅ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးနေပြီလို့လည်း ပြောပါတယ်။

တံတားသစ်တည်ဆောက်မှုဟာ အခုအခါ ချဉ်းကပ်တံတားအုတ်မြစ်လုပ်ငန်းများဖြစ်တဲ့ Bored Pile နဲ့ Spun Pile များကို ဆောင်ရွက်ပြီးစီးနေပြီး ချဉ်းကပ်တံတား တိုင် (Shaft) တွေကို ဆက်လက် တည်ဆောက်နေပါတယ်။

၁ နှစ်အတွင်း အပြီးတည်ဆောက်သွားမယ့် မြောင်းမြတံတားအသစ်ကို ပြတ်ကျသွားတဲ့ မြောင်းမြကြိုးတံတားရဲ့ ရေစုန်ဘက်အခြမ်း ၄၆ ပေ အကွာမှာ ၂ဝ၁၇ ခုနှစ် မေ ၁ ရက်က စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

တည်ဆောက်ဆဲ တံတားဟာ ပင်မတံတား အရှည် ၂၉ဝ မီတာ၊ ချဉ်းကပ်တံတား တဖက်လျှင် ၂၇ဝ မီတာစီ (၅၄ဝ မီတာ) နဲ့  စုစုပေါင်းအရှည် ၈၃ဝ မီတာ (၂၇၂၃ ပေ) ရှိမှာ ဖြစ်ပါတယ်။

မြောင်းမြတံတားကို အသုံးပြုပြီး နေ့စဉ် မော်တော်ယာဉ်အစီးရေ ၅ဝဝ လောက်နဲ့ လူဦးရေထောင်ချီ သွားလာနေတာဖြစ်တဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့  အမြန်ဆုံးတည်ဆောက်သွားမှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013