
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျင်းပတဲ့ မုံရွာမြို့၊ ချင်းတွင်းသဲသောင်ပြင်သင်္ကြန်ကို ဧပြီ ၁၂ ရက်နေ့ ညနေပိုင်းက စတင်ကျင်းပခဲ့ပါတယ်။
တိုင်းရင်းသားရိုးရာ အကတွေဖြစ်တဲ့ ကဒူး ကနန်းအက၊ ရှမ်းအက၊ ကချင်အက၊ ချင်း၊ နာဂအကတွေနဲ့လည်း ကပြဖျော်ဖြေနေသလို နိုင်ငံကျော်အဆိုတော်တွေကလည်း တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပြီး ပရိသတ်သောင်းချီလာရောက်ကာ ကြည့်ရှု့လေ့လာအားပေးခဲ့ကြပါတယ်။
လုံခြုံရေးကိုလည်း တင်းကြပ်ထားပြီး တာရိုးကနေ သင်္ကြန်ကျင်းပရာနေရာထိ လမ်းလျှောက်လာရပြီး ဆိုင်ကယ်၊ ကားရပ်နားရာတွေမှာတော့ နေရာကျဉ်းမြောင်းတဲ့အတွက် အဆင်မပြေတာတွေရှိတယ်လို့ လာရောက်လည်ပတ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အောင်ကိုလတ်










