DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးအပြည့်အ၀ရရှိရေး ဖော်ဆောင်ပေးရန် ကော်မရှင်ကို သမ္မတ လမ်းညွှန်
DVB
·
April 13, 2018
လူ့အခွင့်အရေးအပြည့်အ၀ရရှိရေး ဖော်ဆောင်ပေးရန် ကော်မရှင်ကို သမ္မတ လမ်းညွှန်
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး  နိုင်ငံသားအားလုံး မွေးရာပါ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ရရှိစေရေးအတွက် တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားပါတယ်။

ဧပြီ ၁၂ ရက်က  နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်မှာ  သမ္မတ ဦးဝင်းမြင့်နဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနဲ့ အဖွဲ့ဝင်တွေ တွေ့ဆုံမှုအတွင်း သမ္မတက ပြောခဲ့တာပါ။

ဒါ့အပြင် သမ္မတ ဦးဝင်းမြင့်က တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့် အရေးတို့ဟာ တခုနှင့်တခု ဆက်စပ်လျက်ရှိတာကြောင့် ဒီအချက်များထဲက တစုံတစုကို ချိုးဖောက်ခြင်းခံရပါက အခြားအချက်များကို ချိုးဖောက်ခံရတာနဲ့ တူတယ်။

လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီအခွင့် အရေးတို့ဟာ ကျွဲကူး ရေပါသလို ရရှိပြီးဖြစ်တယ်။

ရဲအချုပ်၊ တရားရုံးအချုပ်၊ အကျဉ်းထောင်၊ အကျဉ်းစခန်းနဲ့ ရဲဘက် စခန်းတွေမှာ အချုပ်သား အကျဉ်းသားတွေ လူ့အခွင့်အရေး ချိုးဖောက်မှု မခံရစေရေး၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိ စေရေးအတွက် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီမံဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေနဲ့ နိုင်ငံတကာ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နေမှု၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို တိုင်းရင်းသား ဘာသာတွေနဲ့ ဘာသာပြန်ဆိုနေမှု၊ ကော်မရှင်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဆောင်ရွက်နေမှု၊ ကော်မရှင်ရဲ့ အသိပညာပေး ဆောင်ရွက်မှုများနဲ့ သင်တန်းဖွင့်လှစ်ပို့ချမှု အခြေအနေတွေ၊ စုံစမ်းစစ်ဆေး ဆောင်ရွက်နေမှု အခြေအနေတွေ၊ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ အာဆီယံအပါအ၀င် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကို ရှင်းလင်းတင်ပြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၁ ရက်မှာ သမ္မတသစ်ဖြစ်လာတဲ့ ဦးဝင်းမြင့်ဟာ သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးတဲ့နောက်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တရားသူကြီးအဖွဲ့တို့ကို ဦးစွာတွေ့ဆုံခဲ့ပြီးတဲ့နောက်    မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဆက်လက်တွေ့ဆုံပြီး လမ်းညွှန်မှာကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013