DVB Logo
Home
မြန်မာသတင်း

ကမ္ဘာ့နိုင်ငံများ၏ စစ်အင်အားသတ်မှတ်ချက်တွင် မြန်မာအဆင့် ၃၅ တွင် ရပ်တည်

DVB
·
April 12, 2018
ကမ္ဘာ့နိုင်ငံများ၏ စစ်အင်အားသတ်မှတ်ချက်တွင် မြန်မာအဆင့် ၃၅ တွင် ရပ်တည်
Donate to DVB

Global Firepower ၀က်ဘ်ဆိုက်က ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အင်အားအဆင့် သတ်မှတ်ချက်ညွန်းကိန်းမှာ  မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၃၆ နိုင်ငံအနက် ကမ္ဘာ့အဆင့် ၃၅ မှာ ရပ်တည်နေပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ စစ်အင်အားအဆင့်သတ်မှတ်ချက်မှာတော့ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ရဲ့နောက်မှာ မြန်မာက အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံမှာ စစ်သည်အင်အား ၅ သိန်းကျော်ရှိပြီး တိုက်လေယာဉ် ၅၆ စီးအပါအ၀င် စစ်လေယာဉ် ၂၆၃ စီး၊ စစ်ရေယာဉ် ၁၅၅စီး၊ တင့်ကား ၅၉၂ စီးရှိကာ စစ်အသုံးစရိတ် ဘတ်ဂျက် ကတော့ ဒေါ်လာ သန်း ၂၄၀၀ သုံးစွဲထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာ စစ်အင်အားအကြီးဆုံး ထိပ်သီး ၅ နိုင်ငံကတော့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ပြင်သစ်နိုင်ငံတွေဖြစ်ပါတယ်။

ဓာတ်ပုံ-တပ်မတော်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013