DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူ တဦးလျှင် ကျပ် ၁ သိန်းနှုန်းထက် ပိုမိုထောက်ပံ့ပေးရန် ညှိနှိုင်းနေ
DVB
·
April 12, 2018
မသန်စွမ်းသူ တဦးလျှင် ကျပ် ၁ သိန်းနှုန်းထက် ပိုမိုထောက်ပံ့ပေးရန် ညှိနှိုင်းနေ
Donate to DVB

အစိုးရသစ်လက်ထက်မှာ မသန်စွမ်းသူတွေကို တစ်ဦးလျှင်ကျပ် ၁ သိန်းနှုန်းအထက် လာမယ့်နှစ်တွေကနေစတင်ပြီး ပိုမိုထောက်ပံ့ပေးနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက ပြောပါတယ်။

ဧပြီ ၁၁ ရက် မနက်က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ မသန်စွမ်းသူတွေကို ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားမှာ ပြောကြားပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက “ဒီနှစ်မှာစပြီး မသန်စွမ်းသူ အမျိုးအစား ၄ မျိုးစလုံးကို တစ်ဦးကို ကျပ် ၁ သိန်း ထောက်ပံ့ပေးခြင်း ဖြစ်တယ်။ နောက်နှစ်များမှာလည်း ကျနော်တို့ ဒီလိုမျိုးပဲ ထောက်ပံ့ပေးဖို့ အစီအစဉ်ရှိပါတယ်။ လူဦးရေများဖို့ ရှိတယ်။ ဒီထက်လည်း ငွေများလာဖို့ရှိတယ်။ လက်ရှိနိုင်ငံတော်ရဲ့ ဘတ်ဂျက်အခြေအနေ ပြည်ထောင်စုဝန်ကြီးတွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေ ညှိနှိုင်း ဆောင်ရွက်နေတယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းက “အကြောင်းအမျိုးမျိုးကြောင့် မသိလိုက်တဲ့သူတွေ ကျန်ခဲ့တဲ့သူတွေရှိတယ်။ မီဒီယာ၊ ရေဒီယို၊ ဖေ့စ်ဘွတ်ခ်တွေကနေတဆင့် သိရှိပြီးတော့ နောက်ထပ်ကျန်ခဲ့တဲ့သူတွေကို စာရင်းတွေ ကောက်ယူနေပါတယ်။ အဲဒီစာရင်းတွေအရ ကျနော်တို့ ၀န်​ကြီးဌာနကနေပြီးတော့မှ ဘတ်ဂျက်အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့မှရတဲ့ အခြေအနေပေါ်မှာ ထပ်ပြီးပေးသွားဖို့ အစီအစဉ်လေးတွေရှိပါတယ်”လို့ ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာနေ မသန်စွမ်းသူတဦးရဲ့ဖခင် ဦးကိုနိုင်က “မသန်စွမ်းဆိုတော့ ပိုပြီးတော့ အားပေးရင်ကောင်းပါတယ်။ ကျနော့် သားလိုမျိုး အဖြစ်အပျက်တွေ အများကြီးရှိတယ် ဆိုတော့ ဆေးဖိုး၊ ဆေးတွေက လိုအပ်တာပေါ့”လို့ ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ်အတွင်း ကောက်ခံရရှိထားတဲ့စာရင်းအရ မသန်စွမ်းအမျိုးအစား ၄ မျိုးအတွက် ထောက်ပံ့ပွဲမှာ တစ်ဦးကို ကျပ်၁ သိန်းနှုန်းနဲ့ စုစုပေါင်း ဒေသခံ ၁၂၈၆ ဦးအတွက် ကျပ် သိန်းပေါင်း ၁၂၈၆ သိန်း ကို မသန်စွမ်းသူတွေလက်ဝယ်ကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း မသန်စွမ်းသူတွေနဲ့  မြိုင်ကြီးငူ စစ်ဘေးရှောင် စခန်းအပါအ၀င် လိုအပ်ချက်ရှိသူတွေကို ထောက်ပံပေးခဲ့ရာမှာ စုစုပေါင်း ကျပ် ၅၈၈၅ သိန်းကို ထောက်ပံ့ပေးနိုင်​ ခဲ့သလို အသက် ၈၅ နှစ်အထက် သက်ကြီး အဘိုးအဘွားတွေကို လည်း တစ်ဦးကို ၁ သောင်းနှုန်း ထောက်ပံ့ပေးနေပါ တယ်။

သဘာဝဘေးအန္တရာယ်လျော့ချရေး အနေနဲ့ ရေဘေး၊ မီးဘေးဒဏ်ခံရသူတွေအတွက် တအိမ်ထောင်ကို ကျပ် ၂ သိန်း၊ ၃ သိန်းထောက်ပံ့ပေးနေပြီး၊ ၃ မွှာပူး မွေးဖွားသူ ကိုယ်ဝန်ဆောင်မိခင်တွေကို ကျပ်  ၅ သိန်းထောက်ပံ့နေရာမှ လာမည့်နှစ်ကစတင်ပြီး ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ထောက်ပံ့ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013