DVB Logo
Home
မြန်မာသတင်း
လာမည့်နှစ် မြန်မာနိုင်ငံ၏ ဂျီဒီပီ  ၇.၂ ရာခိုင်နှုန်း တိုးတက်နိုင်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း
DVB
·
April 12, 2018
လာမည့်နှစ် မြန်မာနိုင်ငံ၏ ဂျီဒီပီ  ၇.၂ ရာခိုင်နှုန်း တိုးတက်နိုင်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ဟာ အခုနှစ်မှာ ၆.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ ဧပြီ ၁၁ ရက်က ထုတ်ပြန်လိုက်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၁၈ ခုနှစ်မှာ မြန်မာပြည်ရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးဟာ ၆.၈ ရာခိုင်နှုန်းအထိ ဆက်လက်တိုးတက်နေပြီး ၂၀၁၉  ခုနှစ်မှာတော့ ၇.၂ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ငွေကြေးဖောင်းပွမှုအနေနဲ့လည်း လျော့ကျလာခဲ့ပြီး ၂၀၁၆ ခုနှစ်က ၆.၈ ရာခိုင်နှုန်း ရှိတာကနေ ၂၀၁၇ ခုနှစ်မှာတော့ ၅.၃ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

ဒီလို ငွေကြေးဖောင်းပွမှု လျော့ကျသွားတာဟာ နိုင်ငံခြားငွေကြေးလဲလှယ်မှု တည်ငြိမ်နေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအနေနဲ့ကတော့ အနည်းငယ်တုံ့ဆိုင်းနေပေမယ့် ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ထွက်ရှိမယ့် ပြည်ပရင်းနီးမြှုပ်နှံမှု ဥပဒေထွက်ပေါ်လာပြီးရင် ရင်းနှီးမြှုပ်နှံတာတွေ ပြန်လည်လုပ်ဆောင်လာနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ပြည်ပရင်းနီးမြှုပ်နှံမှု ၀င်ရောက်မှုတွေ အနည်းငယ်ထိခိုက်မှုရှိခဲ့ပါတယ်။

စည်သူဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013