DVB Logo
Home
မြန်မာသတင်း
လူနှင့်ဆင် အတူဆင်နွှဲသည့် ထိုင်းရိုးရာသင်္ကြန်ပွဲတော် စတင်ကျင်းပ (ရုပ်သံ)
DVB
·
April 12, 2018
လူနှင့်ဆင် အတူဆင်နွှဲသည့် ထိုင်းရိုးရာသင်္ကြန်ပွဲတော် စတင်ကျင်းပ (ရုပ်သံ)
Donate to DVB


ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ဆုန်ကရန်သင်္ကြန်ပွဲတော်ကို ရှေးဟောင်းမြို့ တမြို့ဖြစ်တဲ့ အယုဒ္ဓယမှာ ဧပြီ ၁၁ ရက်နေ့က စတင်ကျင်းပခဲ့ပြီး လူတွေနဲ့အတူ ဆင်တွေပါ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

နှာမောင်းအစ ခြေအဆုံး ချစ်စဖွယ် ပန်းပွင့်ရုပ်လေးတွေ ဆေးခြယ်ထားတဲ့ ဆင်တွေဟာ  လူတွေနဲ့အတူ ရေသဘင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြတာဖြစ်ပြီး ဒေသခံတွေနဲ့အတူ နိုင်ငံခြားသား တွေလည်း ပျော်ရွှင်စွာဆင်နွှဲခဲ့ကြတာပါ။  

ပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ဗြိတိန်နိုင်ငံသူတဦးက “တကယ်ပျော်စရာကောင်းပါတယ်။ ဆင်တွေနဲ့ ရေကစားရတာ အမြဲပဲ သူတို့က အနိုင်ရတယ်။ ရေကစားတဲ့နေရာမှာ သူတို့ သိပ်တော်ကြတယ်” လို့ သူ့အတွေ့အကြုံကို ပြောသွားခဲ့ပါတယ်။

မတ်အမည်ရတဲ့ ဗြိတိန်အမျိုးသားကတော့ “လေးစားလောက်ပါတယ်။ ကျနော်တို့ နိုင်ငံမှာဆိုရင် ဒါမျိုး မရှိဘူးလေ။ ဆင်တွေနဲ့ အနီးကပ်နေပြီး သူတို့ေ ရကစားတာကို မြင်တွေ့ရတာ သိပ်ကို ပျော်စရာကောင်းပါတယ်”လို့ ဆိုပါတယ်။

အဲဒီ ရိုးရာသင်္ကြန်ပွဲတော်ကို တခြားအရှေ့တောင် အာရှနိုင်ငံတွေ ဖြစ်ကြတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့မှာလည်း ပြုလုပ်ကြပြီး ထိုင်းနိုင်ငံမှာတော့ ဆုန်ကရန်သင်္ကြန်ပွဲတေ တော်ကို ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း ကျင်းပတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013