DVB Logo
Home
မြန်မာသတင်း
Acrimony စိတ္တဇ သည်းထိတ်ရင်ဖို ဇာတ်ကား
DVB
·
April 12, 2018
Acrimony စိတ္တဇ သည်းထိတ်ရင်ဖို ဇာတ်ကား
Donate to DVB



Melinda ဆိုတဲ့ ကောင်မလေးဟာ ဆုံးသွားတဲ့ မိခင်ဆီကနေ အိမ်နဲ့ ပိုက်ဆံတွေကို အမွေရလိုက်ပြီး တချိန်တည်းမှာပဲ Robert Gayle ဆိုတဲ့ RV ကားကြီးထဲမှာနေတဲ့ ကောလိပ်ကျောင်းသားလေးနဲ့ တွေ့ဆုံပြီး ချစ်ကြိုက်သွားကြပါတယ်။

ဒါပေမယ့် Robert က ချစ်သူဖြစ်နေချိန်မှာပဲ Diana Wells ဆိုတဲ့ ကောင်မလေးနဲ့ ဖောက်ပြန်နေတာကို Melinda တယောက် တဖြည်းဖြည်းနဲ့ ရိပ်မိလာပါတယ်။

ဖောက်ပြန်တာကို သိနေတယ်ဆိုတာ ပြချင်တဲ့အနေနဲ့ ဒေါသလည်းထွက်နေတဲ့ Melinda တယောက် Robert ရဲ့ RV ကြီးကို ကားနဲ့ ဝင်တိုက်ပါတော့တယ်။ အပြင်းအထန် ဒဏ်ရာမရပေမယ့် ကံဆိုးချင်တော့ ရတဲ့ဒဏ်က တသက်လုံး ကလေးမယူနိုင်တဲ့ အခြေအနေကို ဖြစ်စေခဲ့ပါတယ်။ Robert က သူ့အမှားအတွက် ပြန်တောင်းပန်လို့ ပြန်လည်သင့်မြတ်သွားကြပြီး နှစ်ယောက်သား လက်ထပ်လိုက်ကြပါတယ်။

နှစ်တွေကြာလာတော့ Robert တယောက် ပြစ်မှုကျူးလွန်ထားပြီး အလုပ်ကရှာမရ။ ဒီတော့ Melinda ကပဲ အိမ်အတွက် ထောက်ပံ့နေရတာပေါ့။ ဒါပေမယ့် Robert က အိမ်မှာနေရင်း Melinda ရဲ့ ငွေတွေကို အားသွင်းလို့ရတဲ့ ဘက်ထရီ တီထွင်တဲ့နေရာမှာ သုံးထားပါသေးတယ်။ တီထွင်မှု အောင်မြင်တဲ့အထိ ဆက်လုပ်ဖို့ Melinda တယောက် Robert ရဲ့ တိုက်တွန်းမှုနဲ့ သူ့အမေအိမ်ကိုလည်း ပေါင်လိုက်ရပါတယ်။

တရက်တော့ Robert ဟာ သူအရင်က ဖောက်ပြန်ခဲ့ဖူးတဲ့ Diana နဲ့ ပြန်တွေ့ဆုံပြီး သူ့ရဲ့ ဘက်ထရီအကြောင်း ပြောဖြစ်ကြရင်း Diana က ဘက်ထရီဒီဇိုင်းကို ရောင်းနိုင်အောင် သူ့သူဌေးနဲ့ Robert ကို တွေ့ဆုံပေးလိုက်ပါတယ်။

သူဌေးက ဘက်ထရီဒီဇိုင်းအတွက် ဒေါ်လာ ၈ သိန်း ကမ်းလှမ်းပါတယ်။ အဲဒီငွေပမာဏက Melinda ရဲ့ အိမ်ကို ပြန်ရွေးလို့ရပေမယ့် သူ့ဒီဇိုင်းက ဒီထက်မကရနိုင်တယ်ဆိုပြီး Robert တယောက် ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပါတယ်။ ဒေါ်လာ ၈ သိန်းကို ငြင်းခဲ့တာရယ် Diana နဲ့ ပြန်ချိတ်ဆက်နေတာကို Melinda သိတော့ Robert နဲ့ ကွာရှင်းလိုက်ပါတယ်။

ဒီလိုနဲ့ Robert လည်း အလုပ်ရှာပြီး Diana အိမ်ကို ပြောင်းသွားပါတယ်။ နောက် ဘက်ထရီဒီဇိုင်းဝယ်မယ့် သူဌေးလည်း ပြန်စဉ်းစားပြီး Robert နဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စာချုပ်ကို ချုပ်ဆိုလိုက်ပါတယ်။

ရတဲ့ပိုက်ဆံနဲ့ Melinda ရဲ့ အိမ်ကိုပြန်ဝယ်ပေးပြီး အတိတ်က ကူညီခဲ့တာတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ဒေါ်လာ ၁၀ သန်းလည်း ပေးလိုက်ပါတယ်။ Melinda တယောက် သူနဲ့ Robert ရဲ့ ဆက်ဆံရေး ပြန်ပြေလည်အောင်လုပ်ဖို့ ကြိုးစားမယ်ကြံတုန်း Robert တယောက် Diana နဲ့ လက်ထပ်မယ့်အကြောင်းရော Diana မှာ ကိုယ်ဝန်ရှိနေပြီ ဆိုတာတွေကို သိတော့ Melinda တယောက် အမျက်မပြေဘဲ စိတ်ထဖောက်ပါတော့တယ်။

ဒီတော့ Melinda တယောက် Robert တို့ကို ဘယ်လိုတုံ့ပြန်မှာလဲ။ ဒီဇာတ်ကားကတော့ သရုပ်ဆောင် ဒါရိုက်တာ Tyler Perry ရိုက်ကူးထားတဲ့ စိတ္တဇ သည်းထိတ်ရင်ဖို ဇာတ်ကားပါ။ ဒီဇာတ်ကားမှာ Hidden Figures ဇာတ်ကားထဲက မင်းသမီး Taraji P. Hensen က Melinda နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာ - Tyler Perry

သရုပ်ဆောင်များ - Taraji P. Hensen, Lyriq Bent and Crystle Stewart

ကြာမြင့်ချိန် - ၂ နာရီ

ရုပ်ရှင်အဆင့်သတ်မှတ်ချက် - R (အသက် ၁၇ နှစ်အောက်အရွယ်များ မိဘ (သို့) အုပ်ထိန်းသူပါမှ ကြည့်ရှုသင့်သည်။)

ကျော်နေသွေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013