DVB Logo
Home
မြန်မာသတင်း
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် မွန်ပြည်သစ်ပါတီ လူထုတွေ့ဆုံရှင်းလင်း
DVB
·
April 12, 2018
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် မွန်ပြည်သစ်ပါတီ လူထုတွေ့ဆုံရှင်းလင်း
Donate to DVB

 

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံရှင်းလင်းပွဲကို မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသ ညီစားစခန်းမှာ ဧပြီ ၉ ရက်မှ  ၁၁ ရက်အထိ ၃ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလူထုတွေ့ဆုံရှင်းလင်းပွဲကို ရဟန်းသံဃာတော်တွေ၊ မွန်နိုင်ငံရေးပါတီတွေ၊ မွန် အရပ်ဘက်အဖွဲ့အစည်းတွေ၊ ထိုင်းနိုင်ငံရောက် မွန်လူမျိုးကိုယ်စားလှယ်တွေအပါအ၀င် အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြပြီး မေလ ပထမပတ်အတွင်း ရေးမြို့မှာပြုလုပ်မယ့် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာပါဝင်ကြမယ့် ကဏ္ဍတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်အောင်မငေးက ''ရေးမြို့မှာကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ လုပ်ကြမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သယံဇာတနဲ့ ရင်းနှီးမြှုပ်နှံမှု၊ ပတ်ဝန်းကျင်ကဏ္ဍတွေမှာ ပွင့်လင်းစွာ ဆွေးနွေးကြမယ့်အကြောင်းတွေပြောခဲ့ကြတယ် UPDJC မှာ ချထားတဲ့ခေါင်းစဉ်အရ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲရဲ့အပိုင်းမှာ ဘယ်ကဏ္ဍကို ဆွေးနွေးကြမယ်၊ ဘယ်အပိုင်းကို ဘယ်ခေါင်းစဉ်အောက်မှာ ဖက်ဒရယ်စနစ်နဲ့ဆိုင်တဲ့အခြေခံမူကို ဆွေးနွေးကြမယ်လို့ ပြောပြ လိုက်တယ်။ နောက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အတွက်လည်း ဖြစ်လာနိုင်ဖို့ရှိလို့ ဒါကိုလည်း စဉ်းစားထားဖို့၊ ဒေသတွင်းမူးယစ်ဆေးဝါးကိစ္စ၊ လောင်းကစားဝိုင်းကိစ္စ၊ မွန် အမျိုးသားပညာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စတွေမှာ ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာ စဉ်းစားထားဖို့၊ မွန်ပြည်သစ်ပါတီက အန်စီအေထိုးထားပြီး ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ရော၊ အစိုးရနဲ့ ရော၊ တပ်မတော်နဲ့ရောတွဲဖက်ပြီးတော့ လုပ်လို့ရတဲ့အပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက် သွားဖို့ ပြောပြထားတယ် '' လို့ ဆိုပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် ဧပြီလကုန်ပိုင်းအထိ လူထုတွေ့ဆုံတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး အချိန်မရပါက မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင်၊ ၀ယ်ဇင်စခန်းမှာပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (အန်စီအေ)ကို လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပမယ့် မွန်လူမျိုး အလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ UPDJC အစည်းအဝေးက ရေးမြို့နယ်မှ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။

သတင်း - ၀င်းနိုင်သက်၊ ဓာတ်ပုံ - Nyan Soe Win 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013