DVB Logo
Home
မြန်မာသတင်း
လူကယ်ပြန်ဝန်ကြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စန်းကို သွားရောက်
DVB
·
April 12, 2018
လူကယ်ပြန်ဝန်ကြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စန်းကို သွားရောက်
Donate to DVB

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်နေတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ မနေ့ က  ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း၊ ကော့ခ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးနဲ့ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်တို့က ခရီးစဉ် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး နေရပ်စွန့်သွားသူတွေ  ပြန်လည် လက်ခံဖို့ ဆောင်ရွက်ထားရှိမှုနဲ့ အသင့်ဖြစ်နေမှု အခြေအနေတွေကို ရှင်းလင်းပြောခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာဝန်ကြီးနဲ့အဖွဲ့က ဒုက္ခသည်တွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံသားစိစစ်ခံရမယ့် သူရဲ့ သက်သေခံ ကတ်ပြား (NV Card) ထုတ်ပေးနေမှုနဲ့  NVC ကတ်ရဲ့ အကျိုးရလဒ်တွေ၊ လွတ်လပ်စွာ သွားလာ လှုပ်ရှားနိုင်မှု အခြေအနေ၊ အိမ်ယာတွေ တည်ဆောက်ပေးနေမှု၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်း တည်ထောင်ပေးနေမှု၊ ပညာရေးနဲ့ ကျန်းမာရေးတို့အား လွယ်လင့် တကူရရှိအောင် စီစဉ်ထားမှု၊ ၂၀၁၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့တဲ့ ဒုက္ခသည်စခန်းတွေ ပိတ်သိမ်း ဆောင်ရွက်နေမှုတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် စခန်းအတွင်း ရောက်ရှိနေကြသူတွေအနေနဲ့ မိုးမကျမီ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်နိုင်ရေးလိုအပ်တာတွေကိုကူညီဖို့၊  အခက်အခဲတွေရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးဖို့နဲ့ မြန်မာနိုင်ငံ အနေနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်ဝင်ရောက်လာပါက ကြိုဆိုလက်ခံစိစစ်ရေးနဲ့ နေရာချထားရေးတို့ အတွက် လိုအပ်တာတွေ  ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းနဲ့ လက်ခံရန် အသင့်ရှိပါကြောင်းလည်း ၀န်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ့်နိုင်ငံက ခရိုင်အုပ်ချုပ်ရေးမှူးနဲ့  ကုလသမဂ္ဂ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကလည်း စခန်း အတွင်း နေရာချထားပေးမှု၊ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေမှုနဲ့ ကျန်းမာရေး စောင့်ရှောက်နေမှု အခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။

လူကယ်ပြန်ဝန်ကြီးနဲ့ အဖွဲ့ဟာ ကူတူပလောင်ဒုက္ခသည်စခန်းမှာ နေရပ် စွန့်ခွာသွားတဲ့ ဒုက္ခသည် ၄၀လောက်နဲ့ တနာရီကျော်လောက်တွေ့ဆုံ စကားပြောကြားခဲ့ပြီး  တွေ့ဆုံသူတွေထဲမှာ အဓမ္မပြုကျင့်ခံရသူ ၈ ဦးလောက်ပါတဲ့အကြောင်းနဲ့ ဒုက္ခသည်တွေက နေရပ်ပြန်နိုင်ရေး အချက် ၁၃ ချက်ကိုတင်ပြ တောင်းဆိုခဲ့တယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။


ဓာတ်ပုံ-အေပီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013