DVB Logo
Home
မြန်မာသတင်း
ကျေးရွာရေပေးဝေရေးကော်မတီဝင်ကို ဖမ်းထားသည့်ကိစ္စ နွားထိုးကြီးမြို့တွင် ကန့်ကွက်ဆန္ဒပြ
DVB
·
April 11, 2018
ကျေးရွာရေပေးဝေရေးကော်မတီဝင်ကို ဖမ်းထားသည့်ကိစ္စ နွားထိုးကြီးမြို့တွင် ကန့်ကွက်ဆန္ဒပြ
1 / 4
Donate to DVB

 

နွားထိုးကြီးမြို့မှာ ကျေးရွာရေပေးဝေရေး ကော်မတီဝင်တယောက်ကို ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နွားထိုးကြီးမြို့မရဲစခန်းမှူးနဲ့ အမှုစစ်အရာရှိကို ကျေးရွာသားတချို့က မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘိုရွာရေးပေးဝေရေးကော်မတီက ငွေစာရင်းမရှင်းလို့ ကောက်ခံငွေ ကျပ်သိန်း ၂၀ လောက်ကို မအပ်ဘဲထားတဲ့ ကော်မတီဝင် ကိုကျော်စွာထွန်းကို အမှုဖွင့် ဖမ်းဆီးထားတာပါ။

ဒါဟာ မတရားပဲ ဖမ်းဆီးတာဖြစ်လို့ ကျေးရွာသား ၁၀၀ လောက်က မြို့မ ရဲစခန်းရှေ့မှာ ဆန္ဒဖော်ထုတ်ကြတာပါ။

ဆန္ဒပြသူတယောက် ဖြစ်တဲ့ဦးမင်းအောင်က “အဖမ်းခံနေရတာက ကိုကျော်စွာထွန်း။ သူလည်း ကော်မတီဝင် တယောက်ပဲ။ ကော်မတီက ငွေစာရင်းမရှင်းလို့ နောက်ထပ်ကောက်လို့ ရတဲ့ငွေတွေကို မအပ်ဘဲထားဖို့ ရွာသားတွေက သူ့ကို တိုက်တွန်းတယ်။ စာရင်းရှင်းပေးမှ အပ်ဖို့ပေါ့။ ဒါကြောင့် သူက မအပ်ဘဲထားတာကို ကော်မတီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့က အမှုဖွင့်လို့ ဖမ်းဆီးတာ” လို့ ပြောပါတယ်။

ကျေးရွာရေပေးဝေရေးကော်မတီ ဥက္ကဋ္ဌတို့က စခန်းမှူးကို တိုင်ကြားခဲ့လို့ ကိုကျော်စွာထွန်း ကို ရဲစခန်းကို ခေါ်ယူပြီး ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်တဲ့ ပုဒ်မ ၄၀၉ နဲ့ ဖမ်းဆီးထားပါတယ်။

ဆန္ဒပြပွဲမှာပါဝင်သူ တယောက်ဖြစ်တဲ့ ဦးသီဟဇော်က “ကိုကျော်စွာထွန်းကလည်း ငွေစာရင်းတွေ မရှင်းဘဲထားတဲ့ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးတို့ကို အမှုပြန်ဖွင့်တယ်။ ဒါပေမယ့် သူတို့ကိုတော့ မဖမ်းဘူး။ ကိုကျော်စွာထွန်း ငွေမအပ်ဘူးဆိုတာက ရွာသားတွေ တောင်းဆိုလို့ မအပ်တာ ဆိုတာကို အထောက်အထားတွေနဲ့ ရွာကလူတွေက စခန်းမှာ ရှင်းပြတယ်။ ဒါပေမယ့် ဖမ်းထားလို့ ဆန္ဒပြတာပါ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ အမှုကို တရားရုံးမှာ စစ်ဆေးတဲ့ အဆင့်မရောက်သေးဘဲ ရုံးတင်ပြီး ရဲစခန်းမှာ ချုပ်နှောင်ထားတာ တလလောက်ရှိပြီဖြစ်ပါတယ်။ ဆန္ဒပြခံရတဲ့ အမှုစစ်အရာရှိ ဒု ရဲအုပ် အောင်နိုင်နိုင်ကိုတော့  ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013