DVB Logo
Home
မြန်မာသတင်း
တေးသံရှင် မနော၏ နာမည်ကြီး 'မိချော'သင်္ကြန်သီချင်းနှင့် Zumba အက(ရုပ်သံ)
DVB
·
April 11, 2018
တေးသံရှင် မနော၏ နာမည်ကြီး 'မိချော'သင်္ကြန်သီချင်းနှင့် Zumba အက(ရုပ်သံ)
Donate to DVB

 

“မိချောရေ… မိချောရေ… ပက်ဦး…မိချောရေ… မိချောရေ… မုန့်လုံး…” ဒီစာသားလေးတွေ မြင်လိုက်တာနဲ့ နာမည်ကြီး သီချင်းတပုဒ်ရဲ့သီချင်းစာသားတွေမှန်း အားလုံးက သိကြမှာပါ။

ဒါဟာ တေးသံရှင် မနောရဲ့ နာမည်ကြီး သင်္ကြန်သီချင်းတပုဒ်ဖြစ်ပြီး ရုပ်သံဗွီဒီယို ဖိုင်ထဲမှာတော့ ပုံစံတမျိုးနဲ့ တွေ့မြင်ခံစားကြရမှာ ဖြစ်ပါတယ်။

ဒီသီချင်းနဲ့ Zumba အကတွဲဖက်ထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်ပေါ်မှာ ရေပန်းစားနေခဲ့တာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို Zumba အကနည်းပြဆရာတယောက်ဖြစ်တဲ့ ပိုင်နိုင်စွမ်းရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ကတည်းက မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

သီချင်းထဲမှာတော့ သူနဲ့အတူ မိန်းကလေး ၅ ယောက် အတူတွဲကာ ကခုန်နေခဲ့တာဖြစ်ပြီး မြူးမြူးကြွကြွ တင်ဆက်ထားခဲ့တာဖြစ်ကာ လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာတော့ “ကဲဖို့ ထွင်ပေးလိုက်တယ်နော်… သင်္ကြန် အိမ်တွင်းပုန်းနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မိချောလေးလို သဘောထား ဖုန်းလေးထောင်ပြီး အိမ်မှာ ကဲလို့ရတယ်”လို့ ရေးထားခဲ့တာကို တွေ့ရပါတယ်။

တေးရေးဆရာ သဟာအောင် ရေးစပ်ထားတဲ့ ဒီသီချင်းမှာ “မုန့်လုံးလေးစားပါဦး လို့ ခေါ်နေ… ဖော်ရွေ… ငွေဖလားလေးပင့်ပါလို့… ရေတွေ… ရေတွေ… အသည်းခိုက် အောင်လောင်းပါဦး… မိချောရေ… မိချောလေးရေ”စတဲ့ မြန်မာဆန်တဲ့ သီချင်းစာသား တွေနဲ့ မြူးမြူးကြွကြွ သီချင်းကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013