DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 11, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၅၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၀,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၅,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲကြီး(ရွှေကျွန်း)
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီး(ရွှေကျွန်း)က တတင်းကို ၃၇,၁၀၀ ကျပ်ကနေ ငွေကျပ် ၃၇,၉၀၀ ပေါက်ဈေးရှိပြီး အောင်လံကုန်စည်ဒိုင်မှာတော့ တတင်းကို ၃၃,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ အောင်လံကုန်စည်ဒိုင် တတင်းကို ၆,၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၉,၇၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၇၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၄,၅၀၀ ကျပ်ကနေ ငွေကျပ် ၃၆,၆၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၃,၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဘိုကိတ်ပဲ
ရန်ကုန် ကုန်စည်ဒိုင်မှာ ဘိုကိတ်ပဲက တတင်းကို ၁၇,၆၀၀ ကျပ်ကနေ ငွေကျပ် ၁၈,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကအတိုင်း ဈေးပြောင်းလဲမှု မရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တတင်းကို ၁၆,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ မြင်းခြံကုန်စည်ဒိုင် တတင်းကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်ဖြူ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူက တပိဿာကို ၈၀၀ ကျပ်ကနေ ၁,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တပိဿာကို ၅၀၀ ကျပ်ကနေ ၁,၃၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တပိဿာကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2
မြင်းခြံကုန်စည်ဒိုင်မှာ ကုလားပဲ v2 က တတင်းကို ငွေကျပ် ၂၂,၄၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၉၅ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တတင်းကို ငွေကျပ် ၂၃,၂၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင် တတင်းကို ၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013