DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေး တောင်းပန်
DVB
·
April 11, 2018
ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေး တောင်းပန်
Donate to DVB

 

ဆေးရုံတွေမှာ ဆေးတွေအလျှံပယ်ရှိနေပြီး သက်တမ်းလွန်နေတာတောင်ရှိတယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့  ကျန်းမာရေးနဲ့ အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက တောင်းပန်လိုက်ပါတယ်။

ဧပြီ ၁၀ ရက်က မြောင်းမြမြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဝန်ကြီး ဒေါက်တာမြင့်ထွေးက  “ဆေးမရတာဆိုတာတော့ သိပ်တော့မဖြစ်နိုင်ဘူး။ တော်တော်များများ အလျှံပယ်ပါ။ များလွန်းအားကြီးလို့ မသုံးတဲ့အတွက် Expire သက်တမ်းလွန်ဖြစ်နေတဲ့ ဆေးတွေတောင် တွေ့ရပါတယ်” လို့ ပြောကြားခဲ့တာပါ။

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ၀န်ကြီးက တောင်းပန်စာကို မနေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ အင်္ဂလိပ်လို ရေးသားဖော်ပြခဲ့ပြီး ဒီနေ့မှာတော့  မြန်မာဘာသာနဲ့ ရေးသား တောင်းပန်ခဲ့ပါတယ်။

“ဒီဖြေကြားချက်အပေါ်မှာ မနှစ်သက်တဲ့ သဘောထားမှတ်ချက်တွေ လူမှုကွန်ရက်မှာ တက်လာတာ တွေ့ရတယ်လို့ ဝန်ထမ်းတွေက ပြောလာတာကြောင့် ဖြေခဲ့တာတွေကို ပြန်နားထောင်ခဲ့တယ်။ ဒီအခါမှာ ဖြေကြားချက်တွေဟာ မပြည့်စုံတာ၊ တိတိကျကျမရှိတာတွေကို တွေ့ရပြီး ကိုယ်တိုင်လည်း အပြည့်အဝ မကျေနပ်ဘူးလို့ ရေးသားထားပါတယ်။ ဒီဖြေကြားတာနဲ့ ပတ်သက်ပြီး ပြည်သူနဲ့ ဝန်ထမ်းတွေ စိတ်အနှောင့်အယှက်ဖြစ်တာ၊ မကြေလည်တာတွေရှိရင် သူ့ရဲ့ အားနည်းချက်ပဲ ဖြစ်ပြီး တောင်းပန်တယ်”လို့ ဝန်ကြီးက ဆိုပါတယ်။

အဆင့်ဆင့်သော ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး တိုင်းပြည်အတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ကြိုးပမ်းသွားမယ်လို့လည်း  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးက ကတိပြုပြောပါတယ်။

ဓာတ်ပုံ-MOH&S

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013