မန္တလေးတွင် ဖမ်းဆီးသိမ်းဆည်းရမိသည့် ဆူညံအိတ်ဇောများကို ဖျက်ဆီး
DVB
·
April 11, 2018
သင်္ကြန်ပွဲတော်အကြိုကာလအတွင်း ဖမ်းဆီးသိမ်းဆည်းရမိတဲ့ ဆူညံသံအိတ်ဇော ၁၀၀၅ လုံးကို မန္တလေးမြို့မှာ ဒီကနေ့မနက်က လမ်းကြိတ်စက် အသုံးပြုပြီး ဖျက်ဆီးလိုက်ပါတယ်။
သင်္ကြန်ကာလမှာလည်း ဆူညံအိတ်ဇော တပ်ဆင်မောင်းနှင်သူတွေကို အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်သလို စည်းကမ်းမဲ့မောင်းနှင်သူတွေကိုလည်း တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စက်သံဆူညံကြောင်း စစ်ဆေးတွေ့ရှိတဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကို ခေတ္တထိန်းသိမ်းထားမှာဖြစ်ပြီး သင်္ကြန်ပွဲတော် ပြီးဆုံးမှသာ တရားစွဲတင်တာနဲ့ စက်သံလုံခြုံတဲ့ အိတ်ဇောတွေ ပြောင်းလဲတပ်ဆင်ပြီးမှသာ ပြန်လည်ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။