DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် မြေယာမဲ့များကို ယုဇနဆီအုန်းကုမ္ပဏီက မြေပေးအပ်လှူဒါန်း
DVB
·
April 11, 2018
ကော့သောင်းတွင် မြေယာမဲ့များကို ယုဇနဆီအုန်းကုမ္ပဏီက မြေပေးအပ်လှူဒါန်း
Donate to DVB

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမှာ အိမ်ယာမြေပိုင်ဆိုင်မှု မရှိသူတွေအတွက် ယုဇနဆီအုန်းကုမ္ပဏီက  ဆီအုန်းပင် ၄၂၅ ပင်နဲ့ မြေဧရိယာ ၇.၇၅ ဧကကို စွန့်လွှတ်ပေးခဲ့တယ်လို့ ယုဇနဆီအုန်းကုမ္ပဏီထံက သိရပါတယ်။

ကော့သောင်းမြို့နယ် ဘန်းကချွန်ကျေးရွာအုပ်စု ၁၄ မိုင်ကျေးရွာမှာ နေထိုင်ကြတဲ့ မြေယာမဲ့ ရွာသား ၅၀ လောက်က စာသင်ကျောင်းမြေနေရာအတွက်ပါ တောင်းဆိုခဲ့တာကြောင့် စာချုပ်စာတမ်းနဲ့ ပေးအပ်ခဲ့တာလို့ ယုဇနဆီအုန်းကုမ္ပဏီ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဦးက ပြောပါတယ်။

ဒီလိုမြေစွန့်လွှတ်ရာမှာ ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးနဲ့ ရွာသားတွေ တောင်းဆိုထားတဲ့စာသင်​​ကျောင်း ​မြေဧရိယာကိုလည်း ပညာ​ရေး ပိုင်​​မြေ​နေရာအဖြစ်​ သတ်​မှတ်​လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။

ဒ့ါအပြင် ဘုတ်​ပြင်းမြို့နယ်​ ၀ါး​ချောင်း​ကျေးရွာ၊ ပြည်​ကြီးမဏ္ဏိုင်​မြို့နယ်​​ ​ချောင်းမွန်​​ကျေးရွာ၊ ကော့​သောင်းမြို့နယ်​ရှိ စူငယ်​ဘာလိုင်း​ကျေးရွာအုပ်​စု၁၀အိမ်​စုရွာ၊ သရက်ပင်ကျေးရွာနဲ့ ရေငံချိုင်​​ကျေးရွာ၊ ခ​မောက်​ကြီးမြို့နယ်​ခွဲရှိ ပရက်​ဆိုင်​​ကျေးရွာအုပ်​စု မာရမ်းပျိုးခင်းအနီးမှာလည်း မြေတွေပေးအပ်လှူဒါန်းခဲ့သလို စာသင်​​ကျောင်းအတွက်​လိုအပ်​​နေတဲ့ အုတ်​၊ ဘိလပ်​​မြေ၊ သွပ်၊​ စာသင်​ခုံတွေကိုလည်း ​ပေးအပ်​လှူဒါန်းခဲ့ပါတယ်။

သတင်း - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013