DVB Logo
Home
မြန်မာသတင်း
ရခိုင်ပဋိပက္ခ တရားဥပဒေစိုးမိုးရေး အရေးကြီးဟုဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
June 6, 2012
ရခိုင်ပဋိပက္ခ တရားဥပဒေစိုးမိုးရေး အရေးကြီးဟုဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေး အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီနေ့ ဇွန် ၆ ရက် မနက်  ၁၁ နာရီက  ရွှေဂုံတိုင် အုတ်လမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်တဲ့  သတင်းစာရှင်းလင်းပွဲမှာ  ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီ သတင်းထောက်ရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့ပါတယ်။

[caption id="attachment_26376" align="alignleft" width="300" caption="ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ရိုက်တာ)"][/caption]

“ဒီလိုပြဿနာတွေပေါ်ရင် ကျမရဲ့ အတွေးက ကိစ္စ ၂ ခုဆီ ကို ရောက်သွားတယ်။ နံပါတ် ၁ က တရားဥပဒေ စိုးမိုးရေး၊ နံပါတ် ၂ က လှုံ့ဆော်တဲ့သူများ ရှိသလားဆိုတဲ့ အတွေးပါ။ ဥပဒေစိုးမိုးရေးဆိုတာ ဘာလို့ပြောရလဲဆိုတော့ ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိမယ်ဆိုရင် ပထမဦးဆုံး ပြဿနာတခု ဖြစ်ပြီ၊ အရေးအခင်းတခု၊ ရာဇ၀တ်မှု တခုဖြစ်ပြီ ဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်မယ် ဆိုရင် ဒီပြဿနာက ကြီးထွားသွားစရာ အကြောင်းမရှိဘူး။ ပြဿနာတခုကို မရှင်းလိုက်တာနဲ့ နောက်တခု ထပ်ပြီးတော့ ပေါ်လာတယ်။ နောက်တခုကိုလည်း သေသေချာချာ ဥပဒေပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေက ရှင်းမရ​တဲ့ပြဿနာ၊ ဥပမာ ရာဇ၀တ်မှုကျူးလွန်သူကို ဖမ်းရမလား၊ အရေးယူရမလား၊ အမြန်ဆုံးပေါ့။  အရေးယူရာမှာ ရဲအဖွဲ့အစည်းနဲ့ဆိုင်တယ်၊ ဥပဒေ တရားရေး ၀န်ထမ်းတွေနဲ့ ဆိုင်တယ်။ အဲဒီဟာမျိုး မြန်မြန်ဆန်ဆန် လုပ်နိုင်မယ်ဆိုရင် ပြဿနာတွေကို ထိန်းထားလို့ ရတယ်။ မြန်မြန်ဆန်ဆန် မလုပ်နိုင်ရင် ပြဿနာတွေက တခုပြီးတခု ကြီးမားလာ မှာဖြစ်တယ်။

“နောက်တခုကတော့ ကျမက ဥပဒေနဲ့ပြောရမယ်။ ဒါကတော့ ကျမတို့ပြည်သူများကလည်း ဒီစိုးရိမ်ပူပန်မှု ရှိတယ် လို့ ထင်ပါတယ်။ လှုံ့ဆော်နေတဲ့သူတွေများ ရှိလေမလား၊ အခြေအနေကို မတည်ငြိမ်အောင် လှုံ့ဆော်နေတဲ့သူတွေများရှိမလား၊ တချို့ကျတော့ အခြေအနေကို မတည်ငြိမ်အောင် လှုံ့ဆော်တာမဟုတ်ဘဲ စင်မြင့်ရှိရင် တက်ပြီးတော့ အော်ချင်တဲ့လူလည်းရှိတယ်။ ဒီလိုအော်ခြင်းအားဖြင့် ကျမတို့နိုင်ငံအတွက်၊ ကျမတို့ လူမှု အသိုင်းအ၀ိုင်းအတွက် အကျိုးရှိသလား၊ မရှိဘူးလားဆိုတာကို မဆင်ခြင်ဘဲ ထအော်မယ်ဆိုရင် အဲဒါကလည်း မလိုလားအပ်တဲ့ ပြဿနာတွေကို ကြီးထွားစေတယ်။ ”

ဒီသတင်းစာရှင်းလင်းပွဲဟာ ၂၄ နှစ်တာ ကာလအတွင်းမှာ ပထမဆုံးပြည်ပကို သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အဓိကထား ရှင်းလင်းတာ ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲဟာ နာရီဝက် ကျော်ကျော်လောက် ကြာမြင့်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013