
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၅,၄၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၀,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၄၉၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၉,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၅,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးတက်လာပါတယ်။
ဘိုကိတ်ပဲ
ရန်ကုန် ကုန်စည်ဒိုင်မှာ ဘိုကိတ်ပဲက တတင်းကို ၁၇,၆၀၀ ကျပ်ကနေ ငွေကျပ် ၁၈,၀၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တတင်းကို ၁၆,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ မြင်းခြံကုန်စည်ဒိုင် တတင်းကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
စွန်တာ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စွန်တာပဲက တတင်းကို ၂၄,၇၀၀ ကျပ်ကနေ ငွေကျပ် ၂၅,၈၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တတင်းကို ၁၉,၁၀၀ ကျပ် ရှိပြီး တတင်းကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တတင်းကို ၆,၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲပုတ်
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲပုတ်က တတင်းကို ၂၃,၆၀၀ ကျပ်ကနေ ငွေကျပ် ၂၄,၇၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၄,၀၀၀ ရှိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တတင်းကို ၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ V2
ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲ V2 က တတင်းကို ငွေကျပ် ၂၃,၀၀၀ ပေါက်ဈေးရှိပြီး မြင်းခြံ ကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၂,၃၀၀ ကျပ် ရှိပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တတင်းကို ၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











