DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် ပစ်သတ်ခံရသည့် လူသေအလောင်း ၂ လောင်းတွေ့ရှိ
DVB
·
April 10, 2018
ကျောက်မဲတွင် ပစ်သတ်ခံရသည့် လူသေအလောင်း ၂ လောင်းတွေ့ရှိ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်ထဲမှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ယူဆရတဲ့အလောင်း ၂  လောင်း တွေ့ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

တစ်ဦးမှာ ကျောက်မဲမြို့အရှေ့ဘက် ၄ မိုင်အကွာ ခဲမွန်ရွာပြင်ဘက်မှာ တွေ့ရှိပြီး နောက်တဦးကတော့  မိုင်းငေါ့သွားလမ်းပေါ်က နမ့်မန်းကျေးရွာဘက်မှ တွေ့တာလို့ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျောက်မဲ ခဲမွန်ရွာပြင်မှာ ဒီမနက် လူသေအလောင်း တွေ့တယ်ဆိုပြီး ရွာက အကြောင်းကြားလာလို့ ကျနော်တို့အသင်းက ကားနဲ့ သွားကြိုပြီး ကျောက်မဲဆေးရုံ ပို့ပေးခဲ့ပါ တယ်ခင်ဗျ။ သေတဲ့လူက အသက် ၅၀ လောက်ရှိတဲ့ ရှမ်းအမျိုးသားတဦးပါ။ နာမည်က ဦးဆုလို့ ခေါ်တယ်။ ရွာသားတွေပြောတာ မနေ့ညက သူတို့ရွာထဲကနေ သေနတ်သံ ကြားရတယ်တဲ့။ ဒီမနက်တော့ ရွာပြင်မှာ သေဆုံးနေတဲ့ ဦးဆုကို တွေ့ရတာ၊ သူတို့ ရွာသားပဲ၊ ကျနော်တို့အသင်းက လူတွေ တွေ့ရှိချက်အရလည်း သေနတ်ကျည်ဆန်က အရှေ့ရင်ဘတ်ကနေ နောက်ကျောဘက် ဖောက်ဝင်သွားတဲ့ ဒဏ်ရာတွေ့တယ်လို့ ပြောတယ်။ အသေးစိတ်ကိစ္စတွေတော့ ရွာကနေပြီး ရဲစခန်းကိုလည်း တိုင်ထားတော့  ရဲစခန်းက စုံစမ်းစစ်ဆေးပါလိမ့်မယ်။”

နောက်တလောင်းကတော့ ကျောက်မဲနဲ့ ၁၃ မိုင်လောက်ဝေးတဲ့ မိုင်းငေါ့မြို့နယ်ခွဲ သွားလမ်း နမ့်မန်းဆိုတဲ့ ကျေးရွာမှာ တွေ့ရှိတာဖြစ်ကြောင်း၊ အဲဒီအလောင်းမှာလည်း အမျိုးသားတဦးရဲ့အလောင်းဖြစ်ပြီး လူသတ်မှုလို့ ကနဦး ယူဆပေမယ့် တိကျတဲ့ သတင်းမရသေးဘူးလို့ ဦးတင်မောင်သန်းက ပြောပါတယ်။

အခင်းဖြစ်ပွားရာ နေရာဟာ  လက်နက်ကိုင်အဖွဲ့တွေ အများအပြား လှုပ်ရှားနေတဲ့ နေရာဖြစ်ပြီး သေနတ်ပစ်တာဟာ ဘယ်အဖွဲ့လဲ ဆိုတာကိုတော့ မခန့်မှန်းတတ်ဘူးလို့ ဦးတင်မောင်သိန်းက ပြောပါတယ်။

Photo : Tin Maung Thein 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013