DVB Logo
Home
မြန်မာသတင်း
စာမဖတ်တတ်သူများအတွက် ယာဉ်မောင်းလိုင်စင် သီးခြားဖြေဆိုနိုင်ရန် ဆောင်ရွက်ပေးနေ
DVB
·
April 10, 2018
စာမဖတ်တတ်သူများအတွက် ယာဉ်မောင်းလိုင်စင် သီးခြားဖြေဆိုနိုင်ရန် ဆောင်ရွက်ပေးနေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ယာဉ်မောင်းလိုင်စင် လာရောက်လျှောက်ထား ဖြေဆိုသူတွေထဲက ပညာချို့တဲ့သူတွေကို သီးခြားဖြေဆိုနိုင်ဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

သာယာဝတီခရိုင် က.ည.န ရုံး ယာဉ်မောင်းစစ်ဆေးရေးမှူး ဦးချမ်းငြိမ်းက "ယာဉ်မောင်း လိုင်စင် လာရောက်ဖြေဆိုသူတွေထဲမှာ ပညာချို့တဲ့ပြီး ယာဉ်မောင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ သူတွေအဖို့ ကျနော်တို့ စစ်ဆေးတဲ့ ရေးဖြေစာမေးပွဲတွေမှာ သူတို့အနေနဲ့ ခက်ခဲစွာဖြေဆိုရတာ တွေ့ရပါတယ်။ အဲ့ဒီအတွက် ကျနော်တို့တာဝန်ရှိသူတွေကို သူတို့အနေနဲ့ အခက်အခဲရှိတဲ့အကြောင်း၊ အတန်းပညာချို့တဲ့မှုရှိကြောင်းတွေ ကြိုတင်ပြီး လာရောက်တင်ပြပေးရင် ကျနော်တို့ဌာနအနေနဲ့ မဖြေဆိုခင်မှာ အတတ်နိုင်ဆုံးကြိုးစားပြီး သင်တန်းပို့ချတာတွေ မေး/ဖြေ လေ့ကျင့်ခန်းတွေနဲ့ လေ့ကျင့်ပေးတာတွေတော့ ပြုလုပ်ပေးနေပါတယ်" လို့ ပြောပါတယ်။

ယာဉ်မောင်းစစ်ဆေးရေးဌာနအနေနဲ့ ယာဉ်မောင်းသူသိရှိရမယ့် အချက်အလက်တွေကို ပထမနေ့မှာ သင်တန်းပို့ချပေးပြီး ဒုတိယနေ့မှာ မနက်ပိုင်း စာတွေ့မေးခွန်းအနေနဲ့ ၁ မှတ်တန် မေးခွန်း အခု ၅၀ ဖြေဆိုရပြီး အမှတ် ၄၀ ရရှိသူတွေသာ နေ့လယ်ပိုင်း ယာဉ်မောင်းကျွမ်းကျင်မှုကို လက်တွေ့ဖြေဆိုခွင့်ရတာဖြစ်ပြီး နှစ်ခုလုံးအောင်မြင်မှသာ ယာဉ်မောင်းလိုင်စင် ထုတ်ပေးကြောင်း သိရပါတယ်။

ဒေသခံယာဉ်မောင်းတဦးက "ကျနော် မြေသယ် ကျောက်သယ်တဲ့ကားတွေ မောင်းပါတယ်။ ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပါပြီ ဒါပေမယ့် ယာဉ်မောင်းလိုင်စင်တော့ မရှိသေးပါဘူး။ အခုဆိုရင် ကားပိုင်ရှင်တွေကလည်း ယာဉ်မောင်းလိုင်စင်မရှိရင် မခိုင်းချင်ကြဘူး။ စာမေးပွဲ လာဖြေတာ မေးခွန်းတွေ မဖတ်တတ်လို့ ပထမတခါမှာ ကျခဲ့ပါတယ်။ နောက်တခေါက် ဖြေတဲ့ အခါကျမှ ဆရာတွေကို ကျနော့်အခက်အခဲကိုပြောပြတဲ့အခါမှ ကျနော်အောင်တာပါ" လို့ ပြောပါတယ်။

သာယာဝတီခရိုင် က.ည.န တာဝန်ရှိသူတဦးထံက “ယာဉ်မောင်းလိုင်စင် လာရောက် ဖြေဆိုသူတွေအနေနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း တွေကို ကြိုတင်လေ့လာထားရမှာဖြစ်ပြီး သင်မောင်း လာရောက်လျှောက်ထားစဉ်ကာလကတည်းက ယာဉ်မောင်းကျွမ်းကျင်အောင် ကြိုတင်သင်ကြားထားရမှာ ဖြစ်ပါတယ်။

သာယာဝတီခရိုင် က.ည.န အနေနဲ့ ဆိုင်ကယ်လိုင်စင် အစီးရေ ၆၅၁၅၇ အထိ ထုတ်ပေးထားပြီးဖြစ်ပြီး ဆိုင်ကယ်မောင်းလိုင်စင် ၁၀၈၈၃၆ ခု အထိ ထုတ်ပေးထားခဲ့သလို ယာဉ်အစီးရေ ၆၉၃၄၅ ကို မှတ်ပုံတင်ထားရှိပြီး ယာဉ်မောင်းလိုင်စင် ၁၂၁၅၉၃ ခုကို ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013