DVB Logo
Home
မြန်မာသတင်း
မဟာမုနိဘုရားကြီး အနေကဇာတင် ပူဇော်ပွဲကို သံဃာအပါး ၁၀၈၀ ပါးဖြင့် ကျင်းပမည်
DVB
·
April 10, 2018
မဟာမုနိဘုရားကြီး အနေကဇာတင် ပူဇော်ပွဲကို သံဃာအပါး ၁၀၈၀ ပါးဖြင့် ကျင်းပမည်
Donate to DVB

 

မန္တလေးမြို့က မဟာမုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီးမှာ အကြီးမားဆုံး ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ပွဲကို သံဃာအပါး ၁၀၈၀ ပါးနဲ့ ကျင်းပဖို့ရှိနေပါတယ်။

ဧပြီ ၂၂ ရက်မှာ ပြုလုပ်မယ့် မဟာမုနိဘုရားကြီး အနေကဇာတင်ပွဲကို မနက် ၇နာရီတိတိမှာ  ရေကင်းသံစတီးပြီး မုခ်လေးခုလုံးမှာ ပရိတ်တရားရွတ်ဖတ်မှာ ဖြစ်ပါတယ်။

မန္တလေးခရိုင်က အဘိဓဇ မဟာရဋ္ဌဘွဲ့တံဆိပ်တော်ရနဲ့  အဂ္ဂမဟာ ဘွဲ့တံဆိပ်ရ သံဃာ ၅၈ ပါးကို မင်းလမ်းမှာ သီတင်းသုံးဖို့နေရာပေးထားပြီး အခြားသံဃာအရေတွက်အတိုင်း မုခ်လေးခုမှာ ဘုရားဖူးဧည့်သည်တွေက ကုသိုလ်ယူနိုင်မှာ ဖြစ်ပါတယ်။

သံဃာတော်ကြီး ၅၈ ပါးကို ၀တ္တုငွေ ကျပ် ၁ သိန်းခွဲနဲ့ သံဃာအများစုကို ၀တ္တုငွေ ကျပ် ၅သောင်း၊ ဂျပန်မာတင် သင်္ကန်းတစ်စုံနဲ့ ဒံပေါက်ဆွမ်း ဆပ်ကပ်မှာဖြစ်ပြီး လာရောက်ကုသိုလ်ယူတဲ့ ဘုရားဖူးဧည့်သည် တွေကို စတုဒီသာအကျွေးမွေးနဲ့ စီစဉ်ထားတယ်လို့ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မဟာမုနိဘုရားကြီး အနေကဇာတင်ပူဇော်ပွဲနဲ့အတူ ကိုးလအတွင်း ဆောင်ရွက်ခဲ့တဲ့ ဘုရားကြီးအတွင်းအပြင် လျှပ်စစ်မီးတပ်ဆင်တာ ရွှေစင်၊ ရွှေပြား၊ ရွှေသင်္ကန်းဆက်ကပ်ခြင်း ရေစက်ချတာပါ ဆောင်ရွက်မှာဖြစ်ပါတယ်။

ဘုရားကြီးမှာ ဒီနှစ်အတွင်း ရွှေမိုက်ကတဆင့် ၁၆ ပိသာ ၅၈ကျပ်သား ထုတ်လုပ်နိုင်ခဲ့ပါ တယ်။ အဲ့ဒီကနေ ရွှေစင် ရွှေပြားကပ်လှူဖို့အတွက် ရွှေစင်ပြားအသစ်တွေကို ဘုရားကြီးအတွင်း မှာပဲ ကိုယ်တိုင်ခတ်လုပ်တာပါ။

ထုပိကာတော်(၁၇၇)ချပ်နဲ့ ရာမလက်ညိုး ကြာကလပ်ကို ရွှေစင် ရွှေပြားကပ်လှူတာ ပြသာဒ်တော် ဘုံခုနှစ်ဆင့်နဲ့ အရံစေတီတော်(၁၂၈)ဆူက ဘုံသုံးဆင့်ကို ရွှေသင်္ကန်းကပ်လှူ တာဟာ ရွှေစင်ပိဿာပေါင်း ၂၈ ပိသာခွဲ အသုံးပြုထားပါတယ်။

ဘုရားကြီး ပြသာဒ်တော်ကြီးအတွက် အလှူခံရငွေက ကျပ်သိန်းပေါင်း ၁၃၅,၁၅၆,၄၀၀ ထိုင်းဘတ်ငွေ တစ်သောင်းကို ရရှိခဲ့တယ်လို့ ဂေါပကအဖွဲ့ရုံး မှတ်တမ်းတွေအရ သိရပါတယ်။

ဘုရားကြီး အနေကဇာတင်ခြင်းမှာ သံဃာတော်တွေလှူဒါန်းဖို့နဲ့ စတုဒီသာအတွက် ပါဝင်အားဖြည့်နိုင်ချင်ရင် ကုသိုလ်ယူပါဝင်နိုင်တယ်လို့ ဘုရားကြီးဂေါပကအဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013