DVB Logo
Home
မြန်မာသတင်း
ထောက်ကြန့် မြို့ရှောင်လမ်းတွင် ယာဉ် ၂ စီးတိုက်မိပြီး ၆ ဦးသေ၊ ၁၆ ဦး ဒဏ်ရာရ
DVB
·
April 10, 2018
ထောက်ကြန့် မြို့ရှောင်လမ်းတွင် ယာဉ် ၂ စီးတိုက်မိပြီး ၆ ဦးသေ၊ ၁၆ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ မြို့ရှောင်လမ်းဆုံမှာ ဒီနေ့ မနက် ၇ နာရီခွဲလောက်က ပဲခူးဟိုင်းလတ်ယာဉ်နဲ့ မီနီဘတ်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ၆ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြောက်ပိုင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ်ထွန်းထွန်းက “အဲဒီယာဉ်တိုက်မှုမှာ ယာဉ်မောင်း ၂ ဦးလုံး ဒဏ်ရာရရှိပြီး ဆေးရုံပို့ဆောင်ထားရတဲ့အတွက် စစ်ဆေးမေးမြန်းလို့ မရရှိသေးဘဲ ယာဉ်ပိုင်ရှင်တွေကို ဆက်သွယ်ထားပါတယ်။ ဟိုင်းလတ်ယာဉ်မောင်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄(က)နဲ့ တရားလိုပြုလုပ် အမှုဖွင့်ထားတယ်”လို့ ပြောပါတယ်။

ဟိုင်းလတ်အဖြူရောင်ကားက ရန်ကုန်ဘက်က မောင်းနှင်လာတာဖြစ်ပြီး ခရီးသယ်တင် မီနီဘတ်စ်ကားက ပဲခူးဘက်ကမောင်းလာကာ  မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။

သေဆုံးသူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့ဟာ အသက် ၃၅ နှစ်နဲ့ ၅၀ နှစ် ဝန်းကျင်ရှိသူတွေဖြစ်ပြီး ဒဏ်ရာရရှိသူတွေကိုတော့ အင်းစိန်ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013