DVB Logo
Home
မြန်မာသတင်း
မြို့မတူရိယာအသင်းကို မြို့မငြိမ်း၏ သီချင်းများ သီဆိုဖျော်ဖြေခွင့်မပြု
DVB
·
April 10, 2018
မြို့မတူရိယာအသင်းကို မြို့မငြိမ်း၏ သီချင်းများ သီဆိုဖျော်ဖြေခွင့်မပြု
Donate to DVB

မန္တလေးမြို့ရဲ့ အထင်​ကရဖြစ်​တဲ့ မြို့မတူရိယာအသင်းကို ဂီတစာဆို မြို့မငြိမ်း ရေးစပ်ခဲ့တဲ့ တေးသီချင်းတွေအားလုံး လုံးဝသီဆိုဖျော်ဖြေခွင့်မပြုတော့ဘူးလို့ မြို့မငြိမ်း မိသားစုဝင်တဦးက ပြောပါတယ်။

မြို့မတူရိယာအသင်းကြီးမှာ လက်​ရှိအုပ်​ချုပ်​​နေတဲ့ အမှုဆောင်​အဖွဲ့ဟာ မြို့မအသင်းရဲ့ ရည်​ရွယ်​ချက်​ကို မသိတာနဲ့အတူ မြို့မအသင်းကြီး စတင်​တည်​​ထောင်​စဉ်​ကတည်းက ထားရှိခဲ့တဲ့ အသင်းစည်းကမ်းတွေကို မလိုက်နာတာ​ကြောင့် ခုလိုတားမြစ်တာလို့ မြို့မငြိမ်းရဲ့သား ဒေါက်​တာဦးညွန့်​လွင်​က ပြောပါတယ်။

ဆရာကြီးမြို့မငြိမ်း သီဆို​ရေးစပ်​သီကုံးခဲ့တဲ့​ တေးသီချင်းအားလုံးကို အခုနှစ် ​သင်္ကြန်​ကာလမှာ​သာမက တခြားအချိန်တွေမှာပါ မြို့မတူရိယာအသင်းကို လုံးဝသီဆိုတီးမှုတ်​​ ဖျော်​​ဖြေခွင့်ပေးမှာ မဟုတ်ဘဲ လက်​ရှိအမှု​ဆောင်​အဖွဲ့ကို တရားဝင်​ဖျက်​သိမ်းပြီး အမှုဆောင်​သစ် ​ပြန်​လည်​​ရွေးချယ်​တင်​​မြှောက်​ပြီးလို့ အမှု​ဆောင်​သစ်ကို ​ကျေနပ်​မှုရှိပါက ပြန်​ခွင့်ပြုမယ်​လို့ လည်းပြောပါတယ်​။

မန္တလေးမြို့မတူရိယာအသင်းကြီးရဲ့ ရည်​ရွယ်​ချက်​တွေက​တော့ မြန်​မာ့မဟာဂီတာ ဖွံ့​ဖြိုး တိုးတက်​ဖို့ လုပ်​​ဆောင်​တာ၊ မြန်​မာသံစဉ်​ ​တေးသီချင်းတွေကို သီးကုံးဖွဲ့နွဲ့တာ၊ အ​နောက်​တိုင်းသုံး ဂီတသ​င်္ကေတနဲ့ တူရိယာပစ္စည်းတွေကို ကျွမ်းကျင်​စွာတီးမှုတ်​နိုင်ဖို့ ​ကြိုးပမ်းတာ၊ အ​နောက်​တိုင်း သုံးတူရိယာပစ္စည်းတွေနဲ့ မြန်​မာ​​တေးသီချင်းတွေကို သီဆိုတီးခတ်တီးမှုတ်​နိုင်​ဖို့ ကြိုးစားဖို့တွေ ဖြစ်ပါတယ်။

စည်းကမ်းချက်​အ​နေနဲ့တော့ အသင်းရဲ့ အလုပ်​အမူ​ဆောင်​အဖွဲ့ကို တနှစ်​ တခါ အသင်းစည်းကမ်းနဲ့အညီ ကျင်းပ​တဲ့ အလုပ်​အမှုဆောင် ​သင်းလုံးကျွတ် ​အစည်းအ​ဝေး​ ခေါ်ယူပြီး​ ရွေးချယ်​ဖို့​ရှိပေမယ့် လက်​ရှိ အလုပ်​အမှုဆောင်​အဖွဲ့က လုပ်ဆောင်ဖို့ ပျက်​ကွက်​ပြီး စည်းကမ်း​ဖောက်​ဖျက်​ခဲ့တယ်လို့  မြို့မငြိမ်းရဲ့ သားဖြစ်​သူ ​ဒေါက်​တာညွန့်​လွင်​က ပြောပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013