DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးမြို့နယ်တွင် ကြက်ဝိုင်းကို တိုင်းရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး
DVB
·
April 10, 2018
ဆားလင်းကြီးမြို့နယ်တွင် ကြက်ဝိုင်းကို တိုင်းရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကျေးပင်ထူးကျေးရွာမှာ ကြက်ဝိုင်းလောင်းကစားသူတွေကို ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့  ဧပြီ ၈ ရက် ညနေပိုင်းက ၀င်ရောက် ဖမ်းဆီးခဲ့ပါတယ်။

ခိုင်မာတဲ့သတင်းရထားလို့ တိုင်းရဲတပ်ဖွဲ့ရဲမှူးရဲ့ ညွှန်ကြားချက်နဲ့ ရဲအင်တပ်ဖွဲ့ဝင် အင်အား ၇၀ ကျော်နဲ့ သုံးတဲတောတိုက်၊ ကုက္ကိုပင်အောက် မြေကွက်လပ်မှာ ကြက်တိုက်ပွဲ လောင်းကစားလုပ်နေကြတဲ့ သူတွေကို ဝိုင်းဝန်းဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးရာမှာ ကျား ၁၈ ယောက်၊ မ ၁ ယောက် စုစုပေါင်း ၁၉ ယောက်၊ ဆိုင်ကယ် ၇၇ စီး၊ မော်တော်ယာဉ် ၂စီး၊ စက်ဘီး ၃ စီး၊ ဖုန်း ၇လုံး၊ တိုက်ကြက်ဖ ၇ ကောင်နဲ့ လောင်းကစားရာမှာ အသုံးပြုတဲ့ ငွေကျပ် ၄၂၄၉၀၀ ကျပ်တို့ကို သက်သေတွေနဲ့အတူ လက်ရဖမ်းဆီးခဲ့ပြီး အချို့မှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လောင်းကစားဒိုင်ပြုလုပ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူ ဝင်းအောင်ဆိုသူကို ဆားလင်းကြီး မြို့နယ်ရဲစခန်းက (ပ)၆၆/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၂(က)/၁၄(က)တို့နဲ့ အမှုဖွင့်ကာ ထွက်ပြေးလွတ်မြောက်သွားသူတွေ ဖမ်းဆီးရမိရေး လုပ်ဆောင်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013