DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း အစိုးရ ဗကသ ခေါင်းဆောင်များကို ဖိတ်ကြားဆွေးနွေး
DVB
·
June 6, 2012
ရန်ကုန်တိုင်း အစိုးရ ဗကသ ခေါင်းဆောင်များကို  ဖိတ်ကြားဆွေးနွေး
Donate to DVB

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးက ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်း ကော်မတီဝင်တွေကို ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။

ရန်ကုန်မြို့ အလုံလမ်းမှာရှိတဲ့ အဲဒီရုံးကို ရောက်နေတဲ့ ကော်မတီဥက္ကဋ္ဌ ကိုကျော်ကိုကို က ဆွေးနွေးပွဲမစတင်ခင်  ဖိတ်ကြားတဲ့အကြောင်းအရာကို ခုလို ပြောပါတယ်။

[caption id="attachment_26358" align="alignleft" width="300" caption="ကိုကျော်ကိုကို"][/caption]

“ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဆွေးနွေး ရှင်းပြရန်တဲ့။ ဗဟိုစည်းရုံးရေးကော်မတီဝင် အားလုံးလို့ စာထဲမှာပါတယ်။ ကျနော်တို့ ရပ်တည်ချက်ကို သိချင်လို့ ခေါ်မေးတာကို ကျနော်တို့က သဘောကျပါတယ်။ သူတို့ဘက်ကလည်း ဘယ်လိုသဘောထားရှိတယ်ဆိုတာ သိခွင့်ရမှာဖြစ်တဲ့ အတွက် အောင်မြင်မှု တခုလို့ ယူဆပါတယ်။ ဆုံးဖြတ်ချက်ချရမှာက ကျောင်းသားထု ညီလာခံက ဆုံးဖြတ်ချက်ချရမှာဖြစ်တယ်” လို့ ပြောပါတယ်။

နေ့ခင်း တနာရီ စတင်မယ့် ဒီတွေ့ဆုံပွဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး အပြင် ကျောင်းသားခေါင်းဆောင်တွေ နေထိုင်တဲ့ မြို့နယ်တွေက မြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုလည်း ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို ဗကသ ကော်မတီက ခေါင်းဆောင် ၈ ဦးတက်ရောက်မယ်လို့ ဆိုပါတယ်။

“ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ကော်မတီဝင်တွေက ဗကသများအဖွဲ့ချုပ်ဟာ တရားဝင်အဖွဲ့အစည်းဆိုတာ ပြောချင်တယ်။ ကျောင်းသားထုကြားထဲမှာ တရားဝင်တယ်။ ပြီးတော့ ကျနော်တို့ဟာ အရင်ကာလတွေတုန်းကတည်းက မတရားအသင်း ကြေညာခံထားရတာ မရှိဘူး။ သမဂ္ဂဟာ ကျောင်းပရ၀ုဏ်၊ တက္ကသိုလ်ပရ၀ုဏ်အတွင်းမှာ သီးခြား  မည်သည့် အစိုးရ အဖွဲ့အစည်းရဲ့လက်အောက်မှာ မဟုတ်ဘဲနဲ့ လွတ်လပ်စွာ လှုပ်ရှားရပ်တည်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြောဖို့ရှိပါတယ်။”

မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်က လွတ်မြောက်အောင် ကြိုးပမ်းမှုမှာ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို ဗကသ အဖွဲ့က မွေးထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်း စစ်ကောင်စီ က  ကျောင်းသားလှုပ်ရှားမှုတွေကို နှိမ်နင်းခဲ့သလို  ရန်ကုန်တက္ကသိုလ်အ၀င်ဝမှာ ရှိတဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အဦကို   ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

အခုခေါ်ယူဆွေးနွေးဖို့ ဖိတ်ကြားခံရတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ဒဏ်ကျခံခဲ့ကြရဖူးပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013