DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ် အင်းဗြောင်ကုန်ထုတ်စခန်းတွင် အကျဉ်းသား ၁ ဦး ကျောက်တုံးပိသေဆုံး
DVB
·
April 10, 2018
ပေါင်မြို့နယ် အင်းဗြောင်ကုန်ထုတ်စခန်းတွင် အကျဉ်းသား ၁ ဦး ကျောက်တုံးပိသေဆုံး
Donate to DVB

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာရှိ အင်းဗြောင်ကုန်ထုတ်စခန်းမှာ  အကျဉ်းသားတစ်ဦး ကျောက်တုံးပိသေဆုံးခဲ့တယ်လို့ ပေါင်မြို့မရဲစခန်းက သိရပါတယ်။

ဧပြီ ၉ ရက် မနက်က အင်းဗြောင်ကျေးရွာရှိ အင်းဗြောင်အကျဉ်းဦးစီးဌာန ကျောက်မိုင်းအတွင်း အကျဉ်းစီးဌာနမှ ဝန်ထမ်းတွေနဲ့အတူ အကျဉ်းသား ၂၅၀ ဦးဟာ အဖွဲ့ ၅ ဖွဲ့ခွဲပြီး ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်နေစဉ် အမြင့်ပေ ၂၀၀ ခန့်ရှိ တောင်ပေါ်မှ ကျောက်တုံးတွေ ပြိုကျမှုဖြစ်ပွားခဲ့တာပါ။

ကျောက်တုံးတွေဟာ အကျဉ်းသား ဝင်းသူရိန် (ခ) မောင်ဝင်း(၂၂)နှစ်ပေါ်သို့ ပြုတ်ကျပိမိခဲ့လို့ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ခြေသလုံးကြေမွဒဏ်ရာများဖြင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ပေါင်မြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းဇော်ဦးကပြောပါတယ်။

"မနက် ၉နာရီလောက်မှာ သူတို့တပ်ခွဲ ၅ က အကျဉ်းသား ၂၅၀ လောက်က ကျောက်ထုတ်ဖို့ တောင်ခြေမှာအလုပ်လုပ်နေကြတာ။ အဲ့ဒီ အချိန်မှာ အောက်မှာရှိနေတဲ့ ဝင်းသူရိန်အပေါ်ကို အပေါ်ကကျောက်တုံးပြုတ်ကျပြီး ထိမှန်ခဲ့တာပါ။ ထိတဲ့အရှိန်နဲ့ သူ့ရဲ့ခြေသလုံးကကြေမွသွားပြီး ဦးခေါင်းနောက်စေ့က ပေါက်ပြဲသွားပါတယ်။ လောလောဆယ်တော့ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်"

သေဆုံးသူမှာ မြဝတီခရိုင်တရားရုံးမှ ရာဇသတ်ကြီးအမှတ် ၅၉/၂၀၁၆ မူး/ယစ်ပုဒ်မ ၁၅ က အမှုဖြင့် ထောင်ဒဏ် ၄ နှစ်ကျခံနေရသူဖြစ်ပြီး သေဆုံးမှုနဲ့ပတ်သက်ပြီး ပေါင်မြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၈ /၂၀၁၈ နဲ့ အမှုရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် /မဟုတ် စစ်ဆေးဆောင်ရွက်နေပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013