
ရန်ကုန်မြို့ ကန်တော်ကြီး ပန်းခြံအတွင်းမှာ အခုနှစ်သင်္ကြန်မှာ ကျင်းပမယ့် လမ်းလျှောက် သင်္ကြန်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
ကန်တော်ကြီး လမ်းလျှောက်သင်္ကြန်ကို ဦးထောင်ဘိုအဝိုင်း ဝင်ပေါက်ကနေ ကြားတောရထိပ်ဝင်ပေါက်အနီးက ဆင်ရုပ်တွေအထိ လမ်းတလျှောက် ပြုလုပ်သွားမှာဖြစ်ပါတယ်။
အဲ့ဒီလမ်းတလျှောက်မှာ ရေပက်ခံမဏ္ဍပ်နဲ့ စတုဒီသာ မဏ္ဍပ်တွေ စတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။
ဦးထောင်ဘိုအဝိုင်းဝင်ပေါက်အနီးက တံတားတစ်လျှောက်မှာလည်း ရန်ကုန်ကန်တော်ကြီး သင်္ကြန်ပွဲတော်ဆိုပြီး ထီးတွေနဲ့ အလှဆင်ထားတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့မှာ လမ်းလျှောက်သင်္ကြန်ကို မဟာဗန္ဓုလပန်းခြံ ဦးဥတ္တမပန်းခြံတို့မှာလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။










