DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးတွင် တရားဝင်လိုင်စင် ခွင့်ပြုထားသည့် ဟိုတယ်ပေါင်း ၁၆၀၀ ကျော်ရှိ
DVB
·
April 10, 2018
တနိုင်ငံလုံးတွင် တရားဝင်လိုင်စင် ခွင့်ပြုထားသည့် ဟိုတယ်ပေါင်း ၁၆၀၀ ကျော်ရှိ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ မတ်လ ၃၁ ရက်အထိ လိုင်စင်ခွင့်ပြုပေးထားတဲ့ ဟိုတယ်ပေါင်း ၁၆၀၀ လုံး ကျော်ရှိပြီး ခရီးသွားလုပ်ငန်းလိုင်စင် ၂၆၀၀ ကျော်ချပေးထားတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တနိုင်ငံလုံးမှာ ဟိုတယ် ၁၆၂၈ လုံးရှိပြီး အခန်းပေါင်း ၆၅၄၇၀ ခန်း ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကထက်  လိုင်စင်ရတဲ့ ဟိုတယ် ၁၀ လုံး ပိုလာခဲ့တာပါ။

ဒေသအလိုက်ကတော့ နေပြည်တော်မှာ ဟိုတယ် ၆၄ လုံး၊ အခန်းပေါင်း ၅၅၁၅ ခန်း၊ ရန်ကုန်မှာ ဟိုတယ် ၃၉၅ လုံး၊ ၂၀၃၉၆ ခန်း၊ မန္တလေးမှာ ၂၁၁ လုံး၊ ၈၈၀၁ ခန်း၊ ပုဂံ ညောင်ဦးဒေသမှာ ၈၅ လုံး၊ ၂၉၁၉ ခန်းနဲ့ တောင်ကြီး အင်းလေးဒေသမှာ ၁၄၃ လုံး၊ ၄၅၀၃ ခန်းရှိနေတာပါ။

ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ကတော့ ၂၆၇၆ ခုရှိပြီး ဒီထဲမှာ နိုင်ငံခြားသားကုမ္ပဏီ ၁ ခု ပါဝင်ပါတယ်။ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ၄၅၀၃ ခု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်  ၃၄၄၉ ခု ရှိတယ်လို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Photo : Ministry of Hotels and Tourism

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013