DVB Logo
Home
မြန်မာသတင်း
သံချပ်​အဖွဲ့များအပေါ်ချမှတ်ထားသည့် စည်းကမ်းချက်​များ ပြုပြင်​ပေးရန်​တောင်းဆို
DVB
·
April 9, 2018
သံချပ်​အဖွဲ့များအပေါ်ချမှတ်ထားသည့် စည်းကမ်းချက်​များ ပြုပြင်​ပေးရန်​တောင်းဆို
Donate to DVB

 

သံချပ်​အဖွဲ့​တွေအ​ပေါ် ထုတ်​ပြန်​ထားတဲ့ စည်းကမ်းချက်​ ပြုပြင်​ပေးဖို့ ​​ရွှေလက်​ညှိုးသံချပ်​အဖွဲ့က သက်ဆိုင်ရာတာဝန်ရှိသူတွေကို တိုက်တွန်း​ပြောဆိုလိုက်​ပါတယ်​။

မန္တ​လေးတိုင်း ချမ်းမြသာစည်​မြို့နယ်​ ၆၁ လမ်း ခိုင်​​ရွှေဝါလမ်းက မန္တ​လေးတိုင်း​ဒေသကြီး လူငယ်​သင်​တန်း​ကျောင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်​ ပြောကြားလိုက်တာပါ။

ရွှေလက်​ညှိုး (ဗကသ)များ သံချပ်​အဖွဲ့ တာဝန်​ခံပုသိမ်​​ကျောင်းသား ​ကို​အောင်​သက်​ပိုင်​​က “ဒီနှစ်​မှာ​တော့ သံချပ်​​တွေအတွက် ​ထုတ်​တဲ့စည်းကမ်းချက်​​တွေထဲမှာ မိနစ် ​၃၀ ​ကျော်​ပြီး သံချပ်​တိုင်​ခဲ့ရင်​ ​နောင်​လာမဲ့နှစ်​​တွေမှာ သံချပ်​တိုင်​ခွင့်ကို နာမည်ပျက်စာရင်းသွင်းမယ်။ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခွင့် မ​ပေး​တော့ဘူး။ ဆိုတာဟာ မဖြစ်​သင့်ဘူး။ သံချပ်​ဆိုတာဟာ သဏ္ဍာန်​၊ သရုပ်၊​ ပြဇာတ်​တို​တွေ တေးသီချင်း​တွေပါမှသာ တင်​ပြချင်​တဲ့ အ​ကြောင်းအရာက စုံမှာပါ။ အဲဒါ​ကြောင့် အချိန်​အားဖြင့် ၄၅ မိနစ်​​လောက်​​​တော့​ ပေးသင့်​တယ်။ ပြီး​တော့ တမိနစ်​နှစ်​မိ​လောက်​ လွန်​သွားရင်​တောင်​ အမည်ပျက်လုပ်ဆိုတာက​တော့  ပြည်​သူ့အစိုးရအ​နေနဲ့ မလုပ်​သင့်ဘူးလို့ ထင်​တယ်​” လို့ ​ ပြောပါတယ်​။

ကျ​နော်​တို့ ဗကသ​ကျောင်းသား​တွေအ​နေနဲ့ ပြည်​သူ့အကျိုး၊ ​ကျောင်းသားအကျိုး ​ရှိမယ်​ ဆိုရင်​ ဘယ်​လို အခက်​အခဲမျိုး​တွေ ရှိ​နေပါတယ်​။ ​ရှေ့ဆက်​ပြီးသံချပ်​အဖွဲ့ကို ဦး​ဆောင်​ လုပ်​သွားမှာ ဖြစ်​တယ်​လို့ ဆိုပါတယ်။

၁၃၇၉-၁၃၈၀ ပြည့်နှစ်​ မဟာသင်္ကြန်​မှာ သံချပ်​အဖွဲ့အ​နေနဲ့ ဗကသများဦး​ဆောင်​တဲ့ ဟိုထိုးဒီထိုး ​ရွှေလက်​ညိုး၊ ပုသိမ်​ကြီးမြို့်​နယ်​ထဲက ထွီ၊ သဗြွန်း စတဲ့ သံချပ်​​တွေနဲ့အတူ မုံရွာနဲ့ စစ်​ကိုင်းမြို့်​က သံချပ်​​အဖွဲ့တွေ ဝင်​​ရောက်​ယှဉ်​ပြိုင်ကြမှာ ဖြစ်​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013