
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၄,၅၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတာ့ တအိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၄၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၈,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၂၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၃,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၅,၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၆၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၉,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၆၉,၀၀၀ ရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲလွန်းပြာ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲလွန်းပြာက တအိတ်ကို ငွေကျပ် ၄၈,၆၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၃,၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲဇီးကွက်
ပခုက္ကူကုန်စည်ဒိုင်မှာ ပဲဇီးကွက်က တတင်းကို ငွေကျပ် ၂၁,၅၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တတင်းကို ၁၉,၇၅၀ ကျပ်ကနေ ၁၉,၉၅၀ ကျပ် ပေါက်ဈေးရှိပြီး ပခုက္ကူနဲ့ မြင်းခြံ ကုန်စည်ဒိုင် တတင်းကို ၁,၅၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၄၀၀ ကျပ်ကနေ ၆၃၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၃၀၀ ကျပ်ကနေ ၆၅၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၁၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











