DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၊ သံဃာ ၁ ပါးနှင့် ယာဉ်နောက်လိုက် သေဆုံး
DVB
·
April 9, 2018
အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၊ သံဃာ ၁ ပါးနှင့် ယာဉ်နောက်လိုက် သေဆုံး
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အုတ်တွင်းမြို့နယ် မိုင်တိုင် အမှတ် ၁၂၃/၆ နဲ့ ၁၂၃/၇ အကြားမှာ ဒီနေ့ မနက် ၁ နာရီခွဲ လောက်က ၁၂ ဘီးကားနဲ့ EXPRESS ကားတိုက်မိပြီး သံဃာတပါးနဲ့ ယာဉ်နောက်လိုက်တဦးတို့ သေဆုံးသွားပါတယ်။

ဗောဓိကုန်း အမြန်လမ်းမကြီး မီးသတ်စခန်း တာဝန်ရှိသူတဦးက "သစ်တင်တဲ့ကားက ရှေ့ကမောင်းလာတာကို နောက်က EXPRESS က ဝင်တိုက်တယ်လို့ ထင်ပါတယ်။ သံဃာတပါးနဲ့ ယာဉ်နောက်လိုက်ကတော့ ဖြစ်တဲ့နေရာမှာတင် ဆုံးသွားတယ်။ အခြား ၁၁ ဦး ဒဏ်ရာရတယ်။ ဖြူးဆေးရုံကို အကုန်ပို့ထားပါတယ်” လို့ ပြောပါတယ်။

နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်ကို ယာဉ်မောင်းဝေယံထက် မောင်းနှင်လာတဲ့ EXPRESS ယာဉ်က နောက်က ဝင်တိုက်မိခဲ့တာပါ။

EXPRESSယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် ခရီးသည် ၂၈ ဦး လိုက်ပါလာပြီး လိုက်ပါလာသူထဲက ယာဉ်နောက်လိုက်တဦးနဲ့ သံဃာတော်တပါးတို့မှာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူနဲ့ ဒဏ်ရာရှိသူတွေကို ဖြူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

၁၂ ဘီးယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ထွက်ပြေးသွားလို့ ဖမ်းဆီး ရမိရေးဆောင်ရွက်နေတယ်လို့ ဗောဓိကုန်းအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းကဆိုပါတယ်။

ဗောဓိကုန်းအမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက ၁၂ ဘီး ယာဉ်မောင်းနဲ့ EXPRESS ယာဉ်မောင်းတို့ကို ရာဇသတ်ကြီးပုဒ် ၃၀၄-က/၃၃၈/၃၃၇/၂၀၂ နဲ့ အမှုဖွင့်ထားပြီး  တရားမဝင်သစ်တွေကို သစ်တောဌာနကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013