DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းပေါ် ရေပန်းစားနေသည့် ဂေဂေး သီချင်းသစ်-အသဲကွဲတော့ မူးတယ်(ရုပ်သံ)
DVB
·
April 9, 2018
အွန်လိုင်းပေါ် ရေပန်းစားနေသည့် ဂေဂေး သီချင်းသစ်-အသဲကွဲတော့ မူးတယ်(ရုပ်သံ)
Donate to DVB


 

 

“အသဲကွဲတော့ မူးတယ်… မူးတော့ အသဲတွေကွဲ… မင်းပေးတဲ့ ကတိတွေ… လာချတဲ့ အမြည်းလိုပဲ… နည်းနည်းတော့ မူးတယ်… မူးတော့ မျက်ရည်ဝဲ… ဘယ်လိုလဲ သိပ်ရက်စက်တယ်… ချစ်လေးရယ်…”

ဒီသီချင်းစာသားကတော့ သိပ်မကြာခင်က ထွက်လာတဲ့ အဆိုတော် ဂေဂေးရဲ့ သီချင်းတပုဒ်ဖြစ်ပြီး လတ်တလော အွန်လိုင်းပေါ်မှာ ရေပန်းစားနေပါတယ်။   

ဒါဟာ သူ့ရဲ့ သီချင်းသစ်တပုဒ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က Myanmar Music Store ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါ တယ်။

သီချင်းကို ရေးစပ်ပေးထားတဲ့ သူကတော့ ဝေကြီး ဖြစ်ပြီး Runner Music Band က တီးခတ်ပေးထားတာပါ။

လက်ရှိမှာတော့ ဒီသီချင်းကို ဝင်ရောက်ကြည့်ရှုကြသူ၊ ပြန်လည်မျှဝေသူ သောင်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အဆိုတော် ဂေဂေးဟာ နင်သာရှိရင်၊ မောင့်နောက်လိုက်ခဲ့မယ် စတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကြား အားပေးမှုရရှိသူတဦးဖြစ်ကာ တကိုယ်တော် အယ်လ်ဘမ်ရော၊ အတွဲသီချင်းအယ်လ်ဘမ်တွေမှာပါ ပါဝင်သီဆိုနေတာ ဖြစ်ပါတယ်။

“တိကျတဲ့ သတင်းတွေလည်း… ငါ သိလိုက်ရတယ်… နောက်တယောက်တွဲကာ.. ပျော်နေပြီတဲ့… ဘယ်လိုလဲ… ဘယ့်နှယ်လဲ… နင် သိပ်ရက်စက်တယ်… ယုံယုံကြည်ကြည် မောင့်နောက်လိုက်ခဲ့တယ်”စတဲ့ သီချင်းအလန်းစားလေးကို အောက်က လင့်ခ်မှာ နားဆင်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013