DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်ပတ်သက်ပြီး မုံရွာမြို့တွင် ရှင်းလင်းဆွေးနွေး
DVB
·
April 9, 2018
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်ပတ်သက်ပြီး မုံရွာမြို့တွင် ရှင်းလင်းဆွေးနွေး
1 / 4
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ တော်ဝင်ကျောက်စိမ်းဟိုတယ်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးပွဲကို ဧပြီလ ၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ညွှန်ကြားရေးမှူး ဒေါက်တာလွင်သူဇာရွှေက "စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍတို့မှ သက်ဆိုင်သူများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ မျှဝေရန်၊ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် ဆက်စပ်ဌာနများ ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာစေရန်၊ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာစေရန် ရည်ရွယ်ပြီး ဒီပွဲလေးကို ပြုလုပ်ရတာဖြစ်ပါတယ်။"လို့ ပြောပါတယ်။

စစ်ကိုင်တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီကို ဝန်ကြီးချုပ် ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး တိုင်းအဆင့်အဖွဲ့ဝင် ၇ဦးနဲ့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၇ ခု၊ မြန်မာငွေကျပ်သန်း ၁၇၃၃၄၉.၁၆ သန်း၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၆ ခုမှာ အမေရိကန်ဒေါ်လာ ၂၅၅၂.၀၄ သန်းနှင့် စစ်ကိုင်းတိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီကနေ နိုင်ငံသားရင်းနှံမြုပ်နှံမှု ၂ ခု မြန်မာငွေကျပ်သန်း ၈၀၀ ခန့်၊ နိုင်ငံခြားဖက်စပ်လုပ်ငန်း ၁ ခု အမေရိကန်ဒေါ်လာ ၁.၃ သန်း ကိုခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

လက်ရှိအနေအထားအရ စစ်ကိုင်းတိုင်းမှာ မြေပေါ်မြေအောက် သယံဇာတ ပေါကြွယ်ဝပေမယ့် ရင်းနှီးမြှုပ်နှံမှုက နည်းပါးနေသေးတယ်၊ အခုလို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု နည်းပါးရတာက အခြေခံအဆောက်အအုံ လိုအပ်ချက်၊ မြေနေရာလို အပ်ချက်တွေကြောင့် ဖြစ်တယ်လို့ တက်ရောက်လာသူ တစ်ဦးကပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နည်းပညာနဲ့ စက်မှုလုပ်ငန်းကဏ္ဍတွေမှာ ပိုမိုရင်းနှီးမြှုပ်နှံပေးစေချင်တယ်လို့ တိုင်းအစိုးရကဆိုပါတယ်။

အခုလို ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေတွေနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်မှာလည်း ရှင်းလင်းခဲ့ပြီး ဒုတိယအကြိမ်အဖြစ် စစ်ကိုင်းတိုင်းမှာ ရှင်းလင်းတာဖြစ်ကာ အခြားတိုင်းနှင့် ပြည်နယ်တွေမှာလည်း ဆက်လက်ပြုလုပ်သွားမယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013