DVB Logo
Home
မြန်မာသတင်း
ရွှေနှင့် ပယင်းတူးသူများ ထွက်ခွာရန် သတိပေးထားပေမယ့် တရုတ်လုပ်ငန်းရှင်များ ဆက်လုပ်နေ
DVB
·
April 9, 2018
ရွှေနှင့် ပယင်းတူးသူများ ထွက်ခွာရန် သတိပေးထားပေမယ့် တရုတ်လုပ်ငန်းရှင်များ ဆက်လုပ်နေ
Donate to DVB

ကချင်ပြည်နယ် ဟူးကောင်းခရိုင် နယ်မြေဒေသမှာ စစ်ဆင်ရေးလုပ်ဖို့ရှိတဲ့အတွက် ရွှေနဲ့ ပယင်း လုပ်ကိုင်သူတွေ နေရပ်ပြန်ကြဖို့ ကေအိုင်အေက သတိပေးထားပေမယ့် တရုတ် လုပ်ငန်းရှင်တွေက ဆက်လက်လုပ်ကိုင်နေသေးတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

ရှဒူးစွတ်ကျေးရွာ ဆယ်အိမ်မှူးက “အခုလ ၅ ရက်နေ့က နေရပ်ပြန်ဖို့ ကေအိုင်အေ တပ်ရင်း (၁၄) က အမိန့်ထုတ်တယ်။ အမိန့်ထုတ်တဲ့ ညနေပဲ ကျနော်တို့ရွာသားတွေ အိမ်ထောင်စု ၃-၄ စုလောက် ချက်ချင်းပြန်ကြတယ်။ တခြားမှော်တွေလည်း ပြန်ကြတာ တွေ့နေရတယ်”လို့  ပြောပါတယ်။

နန်ဖြတ်မှော်မှာ နေသူ ဒေါ်ဆွေက “ကေအိုင်အေက တံဆိပ်တုံးနဲ့ တရားဝင်အားလုံးကို ကြေညာတော့ မပြန်လို့ မဖြစ်ဘူး။ ၁၀ ရက် နောက်ဆုံးဆိုတော့ အားလုံးနီးပါး ပြန်ကုန်ကြပြီ။ ပျားအုံနဲ့ နန့်တိန်းကြားမှလည်း တိုက်ပွဲတွေ ဖြစ်ကုန်ပြီ။ စစ်တပ်ကတားရင် နေချင်နေကြဦးမှာ။ ကေအိုင်အေက ပိတ်တာဆိုတော့ မရတော့ဘူး။ ချက်ချင်းပြန်ခဲ့လိုက်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရှဒူးဇွတ်ရွာအနီးရှိ ဂျာဝမ်မှော်၊ ဝခါးမှော်တွေက လက်လုပ်လက်စားတွေ ပြန်ကြပေမယ့် တရုတ်လုပ်ငန်းရှင်တွေက ဘက်ဟိုးတွေနဲ့ နေ့ဆိုင်း ညဆိုင်း  ဆက်လက်လုပ်ကိုင်ကြပြီး ကေအိုင်အေက ကြပ်မတ်ကူညီစောင့်ရှောက်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ကေအိုင်အေကို ဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ ကချင်းငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာကို မေးမြန်းရာမှာတော့ ဒါက မဖြစ်နိုင်ကြောင်း ပြောပါတယ်။

“အဲဒါကတော့ မဖြစ်နိုင်ဘူး။ ကေအိုင်အိုအနေနဲ့ ဒါကို ကာကွယ်ပေးထားတယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ဟိုကလည်း ကြေညာထားပြီးသား ဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် လုံးဝမရှိဖို့အတွက် ဆိုပြီး သူတို့က ပြောထားပြီးသား ဖြစ်တယ်။ အဲဒီမှာ ကာကွယ်ထားပေးတယ် ဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူး။ ဒါကတော့ ကောလာဟလ ဖြစ်ကောင်းဖြစ်လိမ့်မယ်ဗျာ။”

ကေအိုင်အေအမှတ် (၁၄) တပ်ရင်းက ပြောက်ကျားစစ်ဆင်ရေးနဲ့ မိုင်းစစ်ဆင်ရေးတွေ လုပ်ဖို့ရှိတဲ့အတွက်  ဟူးကောင်းချိုင့်ဝှမ်းနယ်မြေတွင်း ရှိရှဒူးဇွတ်၊ ဂျာဝမ်၊ နန်ဗျူ၊ နန်ကွမ်း၊ တုံမဏီ၊ ဒဂွမ်ချောင်း၊ ဒဘာချောင်းဖျား ရှိရွှေနဲ့ ပယင်းမှော်တွေမှာ လုပ်ကိုင်နေတဲ့ မိဘပြည်သူတွေကို ဧပြီ ၁၀ ရက် နောက်ဆုံးထားပြီး ထွက်ခွာရမယ်၊ လိုက်နာခြင်းမရှိပါက  မိမိရဲ့ကံကြမ္မာ မိမိနဲ့သာ ဆိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

သတင်း - ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013