DVB Logo
Home
လူမှုရေး
ချင်းတွင်းသင်္ကြန်အတွက် သဲပန်းပုထုလုပ်မှု ယနေ့ အပြီးသတ်မည် (သတင်းဓာတ်ပုံ)
DVB
·
April 9, 2018
ချင်းတွင်းသင်္ကြန်အတွက် သဲပန်းပုထုလုပ်မှု ယနေ့ အပြီးသတ်မည် (သတင်းဓာတ်ပုံ)
1 / 12
Donate to DVB

မုံရွာမြို့မှာ ကျင်းပမယ့် ချင်းတွင်းသင်္ကြန်အတွက် ပြင်ဆင်ထုလုပ်နေတဲ့ သဲပန်းပုတွေကို ဒီနေ့ အပြီးသတ် ထုလုပ်သွားမှာဖြစ်ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် လာရောက်ကြည့်ရှုခဲ့ပါတယ်။

သဲပန်းပုတွေကို စင်ကာပူက ပညာရှင်တွေ၊ မန္တလေး၊ ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေ စုပေါင်းထုဆစ်ပုံဖော်ကြတာ ဖြစ်ပါတယ်။

သဲပန်းပုပြကွက်မှာ အရုပ်ပေါင်း ၁၁ ရုပ်ရှိပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မျက်နှာနဲ့ မြန်မာနိုင်ငံ၊ ရေသူမ၊ မိန်းမပျို၊ မိသားစု၊ ဆင်ရုပ်၊ မိန်းမပျို ယောက်ျားပျို ရေလောင်းဟန် အရုပ်၊ တွတ်ပီ၊ မသေးမျှင်၊ ဗိုက်ကလေးအရုပ်၊ ချင်းတွင်းသင်္ကြန်လိုဂို အရုပ် စတာတွေကို ထုဆစ်ပုံဖော်ပြသထားပါတယ်။

လက်ရှိမှာ ချင်းတွင်းသင်္ကြန် ကျင်းပဖို့ ၂ ရက်သာ လိုတော့တာဖြစ်ပြီး ကျန်တဲ့ရက်အတွင်း အားလုံး ပြီးစီးအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ သဲပန်းပုတွေကိုတော့ ဒီနေ့မှာ အပြီးသတ် ပြင်ဆင်သွားမယ်လို့ သိရပါတယ်။

သဲပန်းပုထုလုပ်တဲ့ နေရာမှာတော့ မနက်မိုးလင်းကတည်းက အမှတ်တရ ဓာတ်ပုံလာရိုက်သူတွေနဲ့ စည်ကားနေပါတယ်။

ချင်းတွင်းသင်္ကြန်ကျင်းပမယ့် ဧရိယာကို အခမ်းအနားပြင်ဆင်ရေးနဲ့ သက်ဆိုင်တဲ့ ယာဉ်ယန္တရားတွေကလွဲလို့ ဧပြီလ ၈ ရက်နေ့ ညနေကတည်းက ဝင်ခွင့်ပိတ်လိုက်ပြီလည်း ဖြစ်ပါတယ်။

ချင်းတွင်းသင်္ကြန်နဲ့ပတ်သက်ပြီး အခုလို စည်စည်ကားကား မြင်ရတဲ့အတွက်လည်း ဝမ်းသာ ပီတိ ဖြစ်မိတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ကမ်းခြေဇုန်မှာလည်း ကြီး ငယ် လတ် အရွယ်စုံ လာရောက်ရေကစားနေသူတွေနဲ့ စည်ကား နေပြီး ရေနစ်တာတွေ မဖြစ်ပေါ်စေဖို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကလည်း ရေယာဉ်တွေနဲ့ ကင်းလှည့်ပေးနေပါတယ်။

လုံခြုံရေးအတွက် ရဲအင်အားကိုလည်း လုံလောက်တဲ့ အနေအထား ချထားမှာဖြစ်ပြီး စီစီတီဗွီကင်မရာ အလုံး ၅၀ ကျော်ကိုလည်း တပ်ဆင်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013