DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးတွင် တရက်တည်း မီးလောင်မှု ၆ ခုဖြစ်ပွား
DVB
·
April 9, 2018
တနိုင်ငံလုံးတွင် တရက်တည်း မီးလောင်မှု ၆ ခုဖြစ်ပွား
Donate to DVB

 

ဧပြီ ၈ရက်နေ့ တရက်တည်းမှာပဲ တနိုင်ငံလုံးမှာ မီးလောင်မှု ၆ ခု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့ မနက် အစောပိုင်း ၁၂ နာရီကျော်က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျေးစာဥရွာမှာ နေအိမ်မီးရှို့မှု ဖြစ်လို့ အိမ်တလုံးနဲ့ ဆိုင်ကယ်အဟောင်းတစီး ဆုံးရှုံးခဲ့ပါပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရံကျေးရွာအရှေ့ပိုင်းမှာတော့ မနက် ၁ နာရီကျော်က လယ်ကွင်းမှာ ဆေးလိပ်တိုပစ်ခဲ့ရာက တဆင့် ကောက်ရိုးပုံတွေ မီးလောင်ခဲ့ပါတယ်။

ဒါ့အပြင် မနက် ၁၁ နာရီခွဲအချိန်မှာ ကျိုက်မရောမြို့နယ်၊ လွှစ်ကုန်းကျေးရွာအုပ်စုက ရော်ဘာခြံမှာ အမှိုက်ပုံတွေ မီးရှို့ရာက ရာဘာပင်တွေကို မီးလောင်လို့ အပင် ၂၂၀၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။ ပဲခူးတိုင်း၊ ကဝမြို့၊ အမှတ် ၆ ရပ်ကွက်မှာ မနက် ၁၀ နာရီအချိန်မှာ နေအိမ်တလုံး မီးလောင်ခဲ့ပါတယ်။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စီဟဲကျေးရွာမှာ ညနေ ၆ နာရီကျော်က မော်တော်ယာဉ် တစီးမီးလောင်ခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုရွာ၊ မြို့တော်ဦးရပ်ကွက်မှာ  ည ၇ နာရီအချိန်မှာ တော့ ဖယောင်းတိုင်မီးပူဇော်ထားရာက မီးလောင်လို့ အင်ဖက်မိုး၊ အင်ဖက်ကာ၊ ဝါးကြမ်းခင်းနေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့က ဖြစ်ခဲ့တဲ့ ကားတိုက်မှုတွေ၊ တိမ်းမှောက်မှုတွေနဲ့ ရေနစ်သေဆုံးမှုတွေ မှာလည်း တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013