DVB Logo
Home
မြန်မာသတင်း
ကိုးကန့်တာဝန်ရှိသူများ အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်း
DVB
·
April 9, 2018
ကိုးကန့်တာဝန်ရှိသူများ အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်း
Donate to DVB

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တာဝန်ရှိသူတွေအနေနဲ့  ပြည်နယ်အစိုးရနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုက်တွန်းပြောကြားလိုက်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးရဲ့ ဧပြီ ၈ ရက် ကိုးကန့်ဒေသခရီးစဉ်အတွင်း ၀န်ကြီးက တိုက်တွန်း ပြောကြားခဲ့တာပါ။

သူ့အနေနဲ့ ၂၁ ရာစုပင်လုံရဲ့ ပြည်ထောင်စုသဘောတူညီချက်တွေကို ဆက်လက် အကောင်အထည်ဖော်လုပ်ဆောင်ဖို့ ကိုးကန့်ဒေသကို လာတာဖြစ်တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

“ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ရဲ့ ပြည်ထောင်စု သဘောတူညီ ချက်များကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်တဲ့အနေနဲ့  လာရောက်ခြင်းလည်း ဖြစ်ပါတယ်။ ပဋိပက္ခများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ဖို့ ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ပါတယ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရှိ တာဝန်ရှိသူများအနေနဲ့ ပြည်နယ်အစိုးရနဲ့ နီးကပ်စွာပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ ပြည်ထောင်စု အစိုးရက လည်း အကောင်းဆုံးပူးပေါင်း ကူညီမှာ ဖြစ်ပါတယ်။”

ဝန်ကြီးဟာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးမှာ ဒေသဥက္ကဋ္ဌ ဦးကျောက်ထယ်ချန် ဦးဆောင်တဲ့ ဦးစီးအဖွဲ့များနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းအခန်း ကဏ္ဍက အရေးပါတဲ့အတွက် အစိုးရ၊ လွှတ်တော် နဲ့ ပြည်သူတွေပူးပေါင်း ဆက်လက်ဆောင်ရွက်သွားကြ ဖို့လည်း ၀န်ကြီးက တိုက်တွန်းပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ကိုးကန့်ခရီးမှာ တိုက်ပွဲရှောင် မိသားစု ၆၅၇ စုအတွက် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ဖို့ ငွေကျပ် ၁၃၁၄ သိန်းနဲ့ ငွေကျပ်သိန်း ၁၄၄ဝ တန်ဖိုးရှိ သွပ် ၁၂ဝဝဝ ချပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒေသတွင်းတိုက်ပွဲရှောင် မိသားစုတွေအတွက်အိမ်ရာတွေ တည်ဆောက်ပေးနေမှု အခြေအနေ၊ လောက်ကိုင်မြို့တွင်း ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေ တွေကို လှည့်လည်ကြည့်ရှုခဲ့တယ်လို့ အစိုးရ သတင်းစဉ်ကထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013