DVB Logo
Home
မြန်မာသတင်း
ကားမီးလောင်သေဆုံးသွားသည့် မြန်မာအလုပ်သမားများအတွက် ကရုဏာကြေးပေးအပ်
DVB
·
April 9, 2018
ကားမီးလောင်သေဆုံးသွားသည့် မြန်မာအလုပ်သမားများအတွက် ကရုဏာကြေးပေးအပ်
Donate to DVB

 

ထိုင်းနိုင်ငံမှာ ကားမီးလောင်သေဆုံးသွားတဲ့ မြန်မာအလုပ်သမား ၂၀အတွက် ဒီကနေ့ ဧပြီလ ၆ ရက်က နေပြည်တော်မှာရှိတဲ့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှာ  ကျန်ရစ်တဲ့ မိသားစုဝင်တွေကို ဂရုဏာကြေးပေးအပ်ခဲ့ပါတယ်။

သေဆုံးအလုပ်သမားတွေနဲ့ ထိခိုက်ဒဏ်ရာရ အလုပ်သမားတွေအတွက်  လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကျပ် ၈၈သိန်းကျော် ပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ် ၆၃သိန်းနဲ့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်က ငွေကျပ် ၈၁ သိန်း ပေးအပ်ခဲ့ပါတယ်။

အလုပ်သမားတွေဟာ (ထိုင်း - မြန်မာ) MOU အရ တရားဝင်သွားရောက်အလုပ်ကိုင်မယ့် သူတွေဖြစ်ပြီး Star Pioneer ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ Tomy (Thiland) ကုမ္ပဏီလုပ်ငန်းခွင်ကို သွားရောက်စဉ် မတ်လ ၃၀ ရက်နေ့က မဲဆောက်မြို့အလွန် တောင်ပေါ် အဆင်းလမ်းမှာ မော်တော်ယာဉ် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

အဲ့ဒီကားပေါ်မှာလိုက်ပါလာတဲ့ အလုပ်သမား ၂၀ ဦးဟာ မီးလောင်သေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦးကတော့ ထိခိုက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

သေဆုံးသူမိသားစုဝင်တွေအတွက် ကရုဏာကြေးအနေနဲ့ Stars Pioneerကုမ္ပဏီက သေဆုံး အလုပ်သမားတစ်ဦးကို ကျပ် ၁၀ သိန်းနဲ့ အနှိုင်းမဲ့ နာရေးကူညီအမှုအသင်းနဲ့ မဟာကရုဏာ စာကြည့်တိုက်တို့က အလုပ်သမား တစ်ဦးကို ၆၉၀၀၀ ကျပ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013