DVB Logo
Home
မြန်မာသတင်း
ရင်သားအဆမတန်ကြီးထွားသည့် ရှမ်းမိန်းကလေးငယ် ခွဲစိတ်ကုသမှုစတင်ခံယူ
DVB
·
April 9, 2018
ရင်သားအဆမတန်ကြီးထွားသည့် ရှမ်းမိန်းကလေးငယ် ခွဲစိတ်ကုသမှုစတင်ခံယူ
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ရှိ ကျေးရွာတရွာက ရှမ်းတိုင်းရင်းသူ မိန်းကလေး ငယ်လေးတဦးမှာ ရင်သားအဆမတန်ကြီးထွားတဲ့ ရောဂါဖြစ်ပွားနေပြီး ဒီကနေ့မနက်မှာတော့ ကျောက်မဲခရိုင် သီပေါဆေးရုံကြီးမှာ ခွဲစိပ်ကုသမှု ခံယူနေပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဓာတ်ပုံဆရာတစ်ဦးဟာ  မိုင်းရယ်မြို့နယ် မိုင်းဟင်းကျေးရွာ ကို ရောက်ရှိခဲ့ပြီး မူမမှန်တဲ့ရင်သားကြီးထွားမှုကြောင့် နေ့စဉ်ဘ၀ကို ခဲယဉ်းစွာနေ ထိုင်ဖြတ်သန်းနေရတဲ့ အဆိုပါမိန်းကလေးကိုတွေ့လို့ ဓာတ်ပုံရိုက်ယူပြီး ဆရာဝန်တွေထံ အကူအညီတောင်းခဲ့တာလို့ မိန်းကလေးငယ်ကို လိုအပ်တဲ့အကူအညီပေးဖို့ ရောက်ရှိနေတဲ့ သီပေါမြို့ နယ်စည်း မခြား ပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမျိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ သီပေါက ဓာတ်ပုံဆရာကိုခွန်မျိုးပေါ့နော်။ သူက အဲဒီရွာဘက်မှာသွားရင်းနဲ့  တွေ့လို့ ဓာတ်ပုံရိုက်ခဲ့တာပေါ့နော်။ ပြီးမှ ကျနော်တို့ကိုလာပြတော့ ကျနော်တို့လည်း ဒီကဆေးရုံ အုပ်ကြီး ဒေါက်တာနန္ဒ၀င်းကို ဆက်သွယ်လိုက်တယ်။ ဆရာကြီးကိုယ်တိုင်လည်း ဒီကိစ္စကို အရေးတယူလုပ်ပြီး သူ့စီမံမှုနဲ့ဘဲ ကလေးမလေးကို သွားခေါ်ခဲ့တာပါခင်ဗျ။ ဓာတ်ပုံဆရာနဲ့ ဟို တယ်သီပေါက ကိုတိုင်းဂါးတို့ သွားခေါ်ကြတယ်။ ရွာကတော်တော်ဝေးလံခေါင်ခိုက်တယ်။ သူတို့ မနေ့က ရောက်လာပြီး ဒီနေ့မနက် ၉ နာရီ ခွဲခန်းထဲဝင်သွားပါပြီခင်ဗျ။ ဘယ်တော့ပြီးမလဲတော့ မသိဘူး၊ ဆရာဝန်ကြီးတွေ အောင်မြင်စွာခွဲစိတ်ပေးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်ခင်ဗျ။ ”



မိန်းကလေးငယ်မှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ခန့်ကစ ရင်သားတွေ မူမမှန် အဆမတန်ကြီး ထွားလာတာဖြစ်ကြောင်း၊ သူတို့နေတဲ့ရွာမှာ ခေါင်ခိုက်ပြီး မိဘတွေလည်း အသိပညာအားနည်း တာကြောင့် အခုကျမှ ဆေးဝါးကုသမှုပြုနိုင်တာလို့ သူကဆက်ပြောပါတယ်။

မိန်းကလေးရဲ့ ဆေးဖိုးဝါးခကိစ္စတွေတော့ ဆေးရုံအုပ်ကြီးမှ တာဝန်ယူ စီစဉ်ဆောင်ရွက်မှာဖြစ်ပြီး သူတို့ပရဟိတအဖွဲ့အနေနဲ့တော့ မိန်းကလေးဆေးရုံဆင်းပြီး သက်သာလာရင်၊ သူမ အတန်းအညာသင်ယူနိုင်ရေး၊ သူမ၀ါသနာပါတဲ့ စက်ချုပ်ပညာသင်နိုင်ရေး စတဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေ ပံ့ပိုးကူညီပေးသွားမယ်လို့ ကိုမျိုးက ပြောသွားပါတယ်။

အဆိုပါ မိန်းကလေးရဲ့ ရင်သားမှာ တဖက်ကို ၂၂ ပေါင်လောက် အလေးချိန်ရှိကြောင်း၊ ဆေးပညာအရ Varginal Breast Hypertrophy လို့ခေါ်ပြီး အတတ်နိုင်ဆုံး အကောင်းဆုံးခွဲစိတ်ကုသပေးသွားမယ့်အကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒ၀င်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဓာတ်ပုံ - ဒေါက်တာနန္ဒ၀င်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013